Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် အင်အား ၆.၂ ပြင်းအားရှိသော ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများကြားမှ ကယ်ဆယ်ရေးလုပ်ဆောင်နေသူများအား သြဂုတ်လ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် သြဂုတ်လ ၂၈ ရက်၌ ပြင်းအား ၆.၂ ရှိသော အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒဆိုင်ရာလုပ်ငန်းက ပြောကြားလိုက်သည်။

Lombok ကျွန်းသည် ပြီးခဲ့သည့်လကုန်ပိုင်းကတည်းက အင်အားပြင်းငလျင်များ လှုပ်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ း ၀၈ နာရီက Nusa Tenggara ပြည်နယ်အရှေ့ဘက် Kupang အရှေ့တောင်ဘက် ၁၀၆ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒဆိုင်ရာလုပ်ငန်းမှ Henfra Rahman က ပြောကြားခဲ့သည်။

“ဒီငလျင်က ဆူနာမီဖြစ်နိုင်ခြေမရှိတဲ့အတွက် သတိပေးချက် မထုတ်ပြန်ထားပါဘူး” ဟု ၎င်းက ဆင်ဟွာသို့ ပြောခဲ့သည်။

ဇူလိုင်လကုန်ပိုင်းက ခရီးသွားဧည့်သည်များလာရောက်လေ့ရှိသော Lombok ကျွန်း၌ အင်အားပြင်းငလျင်များ လှုပ်ခတ်မှုကြောင့်အခြေခံအဆောက်အအုံများ ကြီးမားစွာ ပျက်စီးခဲ့ပြီး လူပေါင်း ၅၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.