Connect with us

Asia

ထိုင်းနိုင်ငံက ခေတ်သစ်ပိုးလမ်းမကြီးအား အပြည့်အ၀ ထောက်ခံအားပေး

၂၀၁၈ ခုနှစ် တရုတ်-ထိုင်း စီးပွားရေးနှင့်ကုန်သွယ်ရေး ဖိုရမ်တွင် စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီးအဆိုပြုချက်သည် အထူးကောင်းမွန်ကြောင်းနှင့် ထိုင်းနိုင်ငံ အနေဖြင့် အပြည့်အဝထောက်ခံကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Somkid Jatusripitakက ပြီးခဲ့သောရက်များတွင် ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်တွင် ပြောကြားခဲ့ကြောင်းသိရသည်။

ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းသည် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး နိုင် သလို သက်ဆိုင်ရာ နိုင်ငံများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ထပ်လောင်းအင်အားလည်း ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး အဆိုပြုချက်သည် ဘက်ပေါင်းစုံအကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ဆောင်ရွက် ခြင်း ဖြစ်ပြီး အပြန်အလှန်ဆက်သွယ်သွားလာနိုင်သည့်အတွက် ထိုင်းနိုင်ငံအနေဖြင့် အပြည့်အ၀ ထောက်ခံကြောင်း Somkid Jatusripitakက ၂၀၁၈ ခုနှစ် တရုတ်-ထိုင်း စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ခေတ်သစ်ပိုးလမ်းမကြီးမူဘောင်အောက်တွင် စီမံကိန်းများသည်လည်း တိုးတက်မှု အခြေအနေကောင်းမွန်သောကြောင့် မိမိအနေဖြင့် အထူးဝမ်းသာမိကြောင်း ၊ တရုတ်-လာအို၊ထိုင်း ရထားလမ်းစီမံကိန်းကိုလည်း မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ထိုင်း-တရုတ် ရထားလမ်း ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်း၏ပထမလုပ်ငန်းစဉ် အဓိကအပိုင်းဖြစ်သည့် တင်ဒါခေါ်ယူမှုများစတင် ဆောင်ရွက်ပြီဖြစ်ရာ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတည်ဆောက်ရေးတွင် မိမိယုံကြည်ချက် မိမိနည်းလမ်းဖြင့် မှန်ကန်စွာ လျှောက်လှမ်းနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုက ယနေ့အခါတွင် အားလုံးရှေ့၌ တစ်ခုပြီးတစ်ခု ပြသနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် အာရှတိုက်သာမက ကမ္ဘာစီးပွားရေး၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ကြောင်း၊ ထိုင်းနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ က တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံကို လေ့လာအတုယူသင့်ကြောင်း ၊ ထိုင်းနိုင်ငံအစိုးရ အနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့်ဆက်သွယ်ရေးနည်းပညာစသည့် အခြေခံ အဆောက်အဦ တည်ဆောက်မှုများကို အားဖြည့်လုပ်ဆောင်မည်ဖြစ်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှုကို ဆက်လက်ရရှိနိုင်ရန် မျှော်လင့်ကြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆက်မပြတ်ရှေ့ဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)