Connect with us

Asia

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် နှင့် ဆက်စပ်နေသော တိုက်ခန်းများမှ ငွေကြေးအမြောက်အများ သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့ပြောကြား

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်အားတွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ မေ ၂၅ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံတော်ရန်ပုံငွေ 1MDB ကိစ္စအား ဆက်လက်စစ်ဆေးနေစဉ် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက် နှင့် ဆက်စပ်နေသော တိုက်ခန်းများမှ ငွေကြေးအမျိုးမျိုးပါဝင်သော ငွေသားပမာဏ မလေးရှားငွေ ရင်းဂစ် ၁၁၄သန်း (အမေရိကန်ဒေါ်လာ ၂၈.၆သန်း) အား သိမ်းဆည်းရရှိခဲ့ကြောင်း မေ ၂၅ ရက်တွင်ပြောကြားခဲ့သည်။

သိမ်းဆည်းရမိခဲ့သော အထုပ် ၇၂ထုပ်အနက် ၃၅ထုပ်တွင် ငွေသားများအား ထည့်သွင်းထားပြီး ငွေကြေးအမျိုးအစား ၂၆မျိုးပါဝင်ကာ ယင်းငွေများအား ရေတွက်ရန် ရဲတပ်ဖွဲ့ဝင်များ နှင့် ဗဟိုဘဏ်မှ အရာရှိ ၂၃ဦး ကို ခေါ်ယူခဲ့ရကြောင်း စီးပွားရေးဆိုင်ရာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးရဲဌာန ၏ ညွှန်ကြားရေးမှူး Amar Singh က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

၎င်းက ရဲတပ်ဖွဲ့သည် အထုပ်၃၇ထုပ် နှင့် ကျောက်မျက်ရတနာများ၊ တန်ဖိုးကြီးနာရီများ ထည့်ထားသည့် သေတ္တာ ၂၈၄လုံးအပါအဝင် ကျန်ရှိနေသည့် သိမ်းဆည်းရမိသောပစ္စည်းများအား အမျိုးအစားသတ်မှတ်ခွဲခြားရန် ပညာရှင်များထံမှ အကူအညီတောင်းခံနေရကြောင်း ပြောကြားခဲ့ပြီး ယင်းပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

ရဲတပ်ဖွဲ့သည် 1MDB ကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့သည့် ရက်သတ္တပတ် က နာဂျစ်နှင့် ဆက်စပ်နေသည့် ပိုင်ဆိုင်မှုများစွာကို စီးနင်းရှာဖွေခဲ့ပြီး ငွေကြေး နှင့် ဇိမ်ခံပစ္စည်းအများစုကို ကွန်ဒိုတိုက်ခန်း ၃ခုမှ သိမ်းဆည်းရမိခဲ့ကာ ၎င်းတို့အနက် ၂ခု ကို နာဂျစ်၏ သား နှင့် သမီးက အသီးသီးပိုင်ဆိုင်ကြောင်း သိရသည်။ တတိယမြောက် ကွန်ဒိုမှာ ရဲတပ်ဖွဲ့က စီးနင်းချိန်တွင် ပစ္စည်းတစ်စုံတစ်ရာမှမရှိကြောင်း နှင့် ယင်းတိုက်ခန်း၏ ပိုင်ရှင်အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.