Connect with us

Asia

ထိုင်းနိုင်ငံ အလယ်ပိုင်း တွင် ဘတ်စ်ကား တိုက်မှုကြောင့် လူ ၂၈ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မေ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အလယ်ပိုင်း ၌ မေ ၂၆ ရက်တွင် ဘတ်စ်ကားတစ်စီး က ၁၀ဘီးကုန်တင်ကားတစ်စီးအား ဝင်တိုက်ခဲ့ရာ လူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းများကဖော်ပြခဲ့သည်။

ယင်းမတော်တဆမှုသည် ဖီချစ်ပြည်နယ် တွင် ဘန်ကောက်လိုင်စင်နံပါတ်ပြားတပ်ထားသော ဘတ်စ်ကားတစ်စီးသည် ဘန်ကောက်မြို့ မှ ထိုင်းနိုင်ငံမြောက်ပိုင်း Phitsanulok မြို့ သို့ မောင်းနှင်လာစဉ် သံမဏိများတင်ဆောင်လာသော ကုန်တင်ကားတစ်စီး နှင့် တိုက်မိပြီး ကားနှစ်စီးစလုံး လမ်းဘေးမြောင်းအတွင်းသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူ ၂၈ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် တစ်ဦးက ကားမောင်းသူ သည် အကြိမ်များစွာ သတ်မှတ်အမြန်နှုန်းထက် ပို၍ အရှိန်လွန်မောင်းနှင်ခဲ့ကြောင်း နှင့် ယာဉ်မတော်တဆမှုဖြစ်ပွားချိန်တွင် ခရီးသည်အများစုမှာ အိပ်ပျော်နေကြကြောင်းပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ယာဉ်မတော်တဆအများစုသည် ပြည်နယ်တစ်ခု နှင့် တစ်ခု သွားလာနေသည့် ဘတ်စ်ကား မတော်တဆမှုများဖြစ်ပြီး အချိန်ကြာမြင့်စွာကားမောင်းရမှု နှင့် အရှိန်လွန်မောင်းနှင်မှုတို့မှာ ယာဉ်မတော်တဆမှုများ၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.