Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ က ဒေါ်နယ်ထရမ့် က တွေ့ဆုံဆွေးနွေးမှု ကို ဖျက်သိမ်းခြင်း အပေါ် တုံ့ပြန်မှု ထုတ်ပြန်ကြေညာ

မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ မေ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား ခေါင်ဆောင် နှင့် တွေ့ဆုံဆွေးနွေးမှု အား ဖျက်သိမ်း ကြောင်း ကြေညာချက် အပေါ် မြောက်ကိုရီးယား နိုင်ငံ က မေလ ၂၅ ရက်နေ့၌ တုံ့ပြန်မှု ထုတ်ပြန်ကြေညာ ခဲ့ရာတွင် ဒေါ်နယ်ထရမ့် ၏ ဆုံးဖြတ်ချက် မှာ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ကိုရီးယား ကျွန်းဆွယ် နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အပေါ် ထားရှိသည့် မျှော်လင့်ချက် နှင့် ကိုက်ညီမှု မရှိဘဲ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် မည်သည့် အချိန် ၊ မည်သည့် ပုံစံ မျိုးနှင့် မဆို အမေရိကန် နှင့် အတူတကွ ပြဿနာ ကို ဖြေရှင်းသွား လိုကြောင်း ဖော်ပြ ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်တွင် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Kim Kye-gwan က မြောက်ကိုရီးယား နိုင်ငံ ၏ ဆယ်စုနှစ်ပေါင်း များစွာ အမေရိကန် နိုင်ငံ အကြား မယုံကြည်မှု နှင့် ရန်လိုမှု တို့ကို ရပ်တန့်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာရန် ကြိုးပမ်း ဆောင်ရွက်မှု များမှာ နိုင်ငံတကာ ၏ ထောက်ခံမှု ကို ရရှိခဲ့ကြောင်း ၊ ဒေါ်နယ်ထရမ့် ၏ မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် အပေါ် ပေးပို့ သည် အိတ်ဖွင့်ပေးစာ တွင် ရေးသား ဖော်ပြချက်များ သည် မြောက်ကိုရီးယား နိုင်ငံ အား တစ်ဖက်သတ် နျူကလီးယား စွန့်လွှတ်ရန် ဖိအား ပေးဆောင်ရွက်မှုများ သာ ဖြစ်ကြောင်း ၊ လက်ရှိဖြစ်ပေါ် နေသည့် အခြေအနေ များအရ နှစ်နိုင်ငံ ဆက်ဆံရေး မှာ လွန်စွာ ဆိုးရွားနေပြီး ဆက်ဆံရေး ကောင်းမွန်စေရန် အတွက် နှစ်နိုင်ငံ ခေါင်းဆောင် တွေ့ဆုံမှု ကို ဖြစ်မြောက်ရန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ဒေါ်နယ်ထရမ့် မှ ခေတ်အဆက်ဆက် အမေရိကန် သမ္မတ တို့မှ မဆောင်ရွက် နိုင်ခဲ့သည့် ဆောင်ရွက်မှု ကို ပြုလုပ်နိုင်မည် ဟု ယုံကြည်ခဲ့သော်လည်း ဒေါ်နယ်ထရမ့် ၏ ရုတ်တရက် တွေ့ဆုံမှု ကို ဖျက်သိမ်းခဲ့ခြင်း အပေါ် လွန်စွာ အံ့သြမိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Kim Kye-gwan က မြောက်ကိုရီးယား နိုင်ငံ ၏ ကိုရီးယား ကျွန်းဆွယ် နှင့် ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေး အပေါ် ကြိုးပမ်းဆောင်ရွက်မည့် ရည်ရွယ်ချက် မှာ ပြောင်းလဲသွားမည်မဟုတ်ဘဲ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တံခါးဖွင့် ပေးထားသည့် သဘောထား ရပ်တည်မှု ဖြင့် အမေရိကန် နိုင်ငံ အား အချိန် နှင့် အခွင့်အရေး ကို ပေးလိုကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့်လည်း အစီအစဉ် တကျ တစ်ဆင့်ခြင်း ဆွေးနွေးမှုများ ဆောင်ရွက်ကာ ကိစ္စရပ်များ ကို ဖြေရှင်းသွားစေလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)