Connect with us

Asia

မူးယစ်ဆေးစွဲသူ ဗီယက်နမ် အယောက် ၂၀၀ ဆေးဖြတ်စခန်းမှ ထွက်ပြေး

ထွက်ပြေးလွတ်မြောက်သွားသည့် မူးယစ်ဆေးစွဲသူတစ်ချို့အား ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟိုချီမင်းစီးတီး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတောင်ပိုင်း Tien Giang ပြည်နယ် ရှိ မူးယစ်ဆေးဝါးဖြတ်စခန်းတစ်ခု ၏ ဂိတ်တစ်ခုကို သြဂုတ်၁၁ ရက် မူးယစ်ဆေးစွဲသူ အယောက် ၂၀၀ က ဖျက်စီး၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ပြည်တွင်းသတင်းဌာနက ဖော်ပြခဲ့သည်။

Chau Thanh ခရိုင် မှ Tien Giang မူးယစ်ဆေးဝါးဖြတ်စခန်း မှ မူးယစ်ဆေးစွဲသူ ၁၀ဦး သည် သြဂုတ် ၁၁ရက် နံနက်ပိုင်းတွင် စင်တာမှ ဝန်ထမ်းများကို တိုက်ခိုက်၍ အခြားလူ ၂၀၀ဦးနီးပါးကိုလည်း ၎င်းတို့နှင့်အတူ ထွက်ပြေးရန် လှုံ့ဆော်ခဲ့ကြောင်း VnExpress အွန်လိုင်းသတင်းကဖော်ပြခဲ့သည်။လုံခြုံရေးအစောင့်များ နှင့် စင်တာမန်နေဂျာများ၏ ဖျောင်းဖျမှု (သို့) ဒေသခံရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၏ စင်တာသို့ ပြန်သွားရန် တွန်းအားပေးမှုတို့ကြောင့် သြဂုတ် ၁၁ ရက် နေ့လည်ပိုင်းအထိ လွတ်မြောက်နေသည့် မူးယစ်ဆေးစွဲသူ ၁၅၀ဦး စင်တာသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။အဆိုပါ စင်တာတွင် မူးယစ်ဆေးစွဲသူ ၆၅၀ဦးခန့် ကို လက်ခံထားပြီး အများစုမှာ ပြစ်မှုဟောင်းရှိသူများ၊ HIV/AIDS ပိုးရှိသူများ၊ တီဘီရောဂါရှိသူများ (သို့) စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများဖြစ်ကြောင်း သိရသည်။ (Xinhua)