Asia
မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း လူ ၂၂,၀၀၀ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးနိုင်ခဲ့
ဒါကာ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ဘင်္ဂလားဒေ့ရှ် မှ တာဝန်ရှိသူများသည် မေလ တွင် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခု စတင်ဆောင်ရွက်ခဲ့စဉ်ကစ၍ လူပေါင်း ၂၂,၀၀၀ ကို ဖမ်းဆီးခဲ့ကြောင်း ဇွန် ၂၅ ရက်တွင်ပြောကြားခဲ့သည်။
၎င်းက ဇွန် ၂၆ ရက်တွင် ဒါကာမြို့တွင် ကျင်းပမည့် နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနား နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
Kamal က တာဝန်ရှိသူများသည် ၁၀၀ရာခိုင်နှုန်းပြည့် သေချာမှုမရှိဘဲ မည်သူ့ကိုမျှ ဖမ်းဆီးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထောက်လှမ်းရေးအဖွဲ့ ၃ဖွဲ့မှရရှိသည့် အမည်စာရင်းများတွင် ပါဝင်သူများကို ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် ဝန်ကြီးက ယင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကြောင့် စုစုပေါင်းသေဆုံးသူဦးရေကို ပြောကြားခြင်းမရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးကြောင့် သေဆုံးသူဦးရေသည် ဆက်လက်မြင့်တက်နေပြီး ယင်းစစ်ဆင်ရေး စတင်ခဲ့သည့် မေလမှစ၍ မူးယစ်ဆေးဝါးတရားမဝင် သုံးစွဲသူ နှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၆၀ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)