Connect with us

Asia

တောင်ကိုရီးယားတွင် ခရီးသည်တင် ဂျက်လေယာဉ် ၂စီး အသေးစားတိုက်မိမှုဖြစ်ပွား

တောင်ကိုရီးယားတွင် ခရီးသည်တင် ဂျက်လေယာဉ် ၂စီး အသေးစားတိုက်မိမှုဖြစ်ပွားစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ရှိ လေဆိပ်တစ်ခုတွင် ခရီးသည်တင် ဂျက်လေယာဉ် ၂စီး အသေးစားတိုက်မိမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူမရှိကြောင်း ပြည်တွင်းသတင်း၌ ဇွန် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။

လေယာဉ်တိုက်မိမှုသည် ဒေသစံတော်ချိန် နံနက် ၈နာရီ တွင် ဆိုးလ်မြို့ အပြင်ဘက် ဂျင်ပိုလေဆိပ်၌ ဂျက်လေယာဉ် ၂စီးသည့် သက်ဆိုင်ရာ ဂိတ်များသို့ သွားရောက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယား လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Korean Air မှ ခရီးသည်တင် ဂျက်လေယာဉ် တစ်စီး ၏ အမြီးပိုင်း နှင့် ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Asiana Airlines မှ လေယာဉ်တစ်စီး၏ တောင်ပံတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းမတော်တဆမှုကြောင့် လေယာဉ် ၂စီးတွင်လိုက်ပါလာသော ခရီးသည်တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်းမရှိဘဲ လေယာဉ်များတွင် ပျက်စီးမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ပြီး ထွက်ခွာချိန် နှောင့်နှေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.