Connect with us

Asia

ဗီယက်နမ် မြောက်ပိုင်းတွင် ရေကြီးရေလျှံ၊မြေပြိုမှုများကြောင့် သေဆုံးသူ ၁၅ ဦး အထိ တိုးမြင့်လာ


ဟနွိုင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တောင်တန်းဒေသများတွင် နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှု များ၊မြေပြိုမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၁၅ ဦးအထိ တိုးမြင့်လာပြီး လူ ၁၁ ဦး ပျောက်ဆုံးနေ ကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီက ဇွန်လ ၂၆ရက် တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Lai Chau ၊ Lao Cai ၊ Ha Giang ၊ Thai Nguyen စသည့် ပြည်နယ်များ တွင် နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ၎င်းတို့အနက် Lai Chauနှင့် Ha Giang ၏ အခြေအနေမှာ ပိုဆိုးကြောင်း သိရသည်။

ရေဘေးကြောင့်ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဉ်(ဆင်ဟွာ )

ရေဘေးကြောင့်ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဉ်(ဆင်ဟွာ )

အဆိုပါရေကြီးမှုကြောင့်Lai Chauပြည်နယ်တွင် လူ ၁၂ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ရာ ၁၁ဦး ပျောက်ဆုံးနေကြောင်း၊ နေအိမ်၊လမ်းတံတားများ ပျက်စီးခဲ့သောကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်မီးအခက်အခဲဖြစ်နေကြောင်း သိရသည်။

လက်ရှိ ရေဘေးကြောင့် ဗီယက်နမ်ဒေါင် ၁၄၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆.၂၃ သန်း)ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီ၏ ပြောကြားချက်များအရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.