Asia
မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ဆက်သွယ်ရေးလမ်းကြောင်း အားလုံးကို ဖြတ်တောက်ပစ်မည်ဟု ဆို

နယူးယောက် ၊ ဇွန် ၉ ရက်(ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံနှင့် ပြုလုပ်ထားသော ဆက်သွယ်ရေး နှင့် ဆက်ဆံရေး လမ်းကြောင်း အားလုံးကို ဖြတ်တောက်ပစ်တော့မည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
“ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယား နှစ်ဖက် တာဝန်ရှိသူတွေအကြား ဆက်ဆံရေးလမ်းကြောင်း အားလုံးကို ပိတ်ပစ်ဖို့နဲ့အလုံးစုံဖြတ်တောက်ပစ်ဖို့ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာနယ်ပယ်က လုပ်ဆောင်သွားမှာပါ ၊ ဒါဟာ ဆက်သွယ်မှုအားလုံးကို ပိတ်ပစ်ဖို့ အပြီးသတ်လုပ်ဆောင်မယ့် ဆုံးဖြတ်ချက်အတွက် ပထမခြေလမ်းတစ်ရပ်ပါ အဓိပွါယ်ကတော့ တောင်ကိုရီးယားနိုင်ငံနဲ့ အရေးမပါတာတွေ မလုပ်တော့ဘူး” ဟု ယနေ့နံနက်အစောပိုင်းတွင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။(Xinhua)