Connect with us

Asia

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နင်းရှဟွေ ခရီးစဉ်အတွင်း လူမှုအသိုက်အဝန်း စေတနာ့ဝန်ထမ်းများ၏ လုပ်ဆောင်ချက်အပေါ် ချီးကျူးဂုဏ်ပြု

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူကျုံးမြို့ ဒေသခံများနှင့် တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ရင်ချွမ်း ၊ ဇွန် ၉ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ သမ္မတ ရှီကျင့်ဖိန်က  တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူကျုံးမြို့ ၊ Litong ခရိုင်၏ Jinhuayuan ကျေးရွာသို့ ဇွန် ၈ ရက်တွင် သွားရောက်စဉ် လူမှုအသိုက်အဝန်း စေတနာ့ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအပေါ် ချီးကျူးဂုဏ်ပြုစကားဆိုခဲ့သည်။ 

ဒေသခံများအနေဖြင့် စေတနာ့ဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်သူဦးရေ တိုးများလာခြင်းအပေါ်  ရှီက နှစ်ထောင်းအားရဖြစ်ခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ(CPC)အဖွဲ့ဝင် တစ်ဦး နှင့် ဟွေတိုင်းရင်းသားမျိုးနွယ်စုဝင်တစ်ဦးဖြစ်သူ အသက် ၇၀ နှစ်အရွယ်ရှိ  Wang Lanhua က ဒေသခံ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုအဖွဲ့ကို ၂၀၀၅ ခုနှစ်တွင် အဖွဲ့ဝင်  ၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၆၀,၀၀၀ ကျော်အထိ တိုးပွားလာခဲ့ကြောင်း ပြောကြားခဲ့သည်။ 

သမ္မတရှီကျင့်ဖိန်က ဆိုရှယ်လစ်စနစ်၏အောင်မြင်မှုပန်းတိုင်အတွက် မဆုတ်မနစ်ကြိုးပမ်းအားထုတ်ရန် နှင့်  အားလုံးသောမျိုးနွယ်စုများအနေဖြင့် ကြီးမားသောအားထုတ်မှုရှိရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ယင်းအတွက် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်းနှင့်  ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ရှိကြောင်းရှီက ဆိုသည်။(Xinhua)