Connect with us

Asia

ထိုင်းနိုင်ငံ၌ တပ်ဖွဲ့ပိုင်ရဟတ်ယာဉ် မလျော်သုံးစွဲမှုဖြင့် ရဲဗိုလ်ချုပ်တစ်ဦး နယ်ပြောင်းအပြစ်ပေးခံရ

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တစ်စင်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ခရီးသွားရဲတပ်ဖွဲ့မှ ရဲဗိုလ်ချုပ်တစ်ဦးအား တပ်ဖွဲ့ပိုင် ရဟတ်ယာဉ်ကို ကိုယ်ကျိုးအတွက် မလျော်သုံးစွဲမှုဖြင့် ဇွန် ၇ ရက်တွင် နယ်ပြောင်းပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

နခွန်ဆရီသန်မာရတ်(Nakhon Sri Thammarat)ပြည်နယ်အတွင်းရှိ Ai Khai ဘုရားကျောင်းပရဝဏ်၌ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် သီးသန့် ရွတ်ဖတ်သရဇ္စျာယ်ဆုတောင်းပွဲသို့ တပ်ဖွဲ့ပိုင် ရဟတ်ယာဉ်ကို အသုံးပြု၍ သွားရောက်ခဲ့ခြင်းကြောင့် ဟတ်ရိုင်(Hat Yai) အခြေစိုက် အမှတ်(၃) ခရီးသွားရဲတပ်ဖွဲ့မှ တပ်မှူး ရဲဗိုလ်ချုပ် Kritsasak Soongmulnark အား အခြား အရေးမပါသော ဌာနတစ်ခုသို့ ပြောင်းရွှေ့အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဒုတိယရဲချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး Krissana Pattanacharoen က ဆိုသည်။

ရဟတ်ယာဉ်ဆင်းသက်ခဲ့သော ဘုရားကျောင်းပုရဝဏ် မြေပြင်ပေါ်တွင် ရွတ်ဖတ်ဆုတောင်းပွဲပြုလုပ်နေစဉ် မီးရှူးမီးပန်း သုံးသန်း ပစ်လွှတ်ခဲ့ကြောင်း ၊ ပုံမှန်အားဖြင့် ယင်းနေရာကို တာဝန်ရှိသူများ၏ ကားရပ်နားရန်သာ အသုံးပြုလေ့ရှိကြောင်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်အား ခုနှစ်ရက်အတွင်း စုံစမ်းစစ်ဆေးရန် ခရီးသွားရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲဒုတိယဗိုလ်ချုပ်ကြီး Chettha Komolwattana က ရဲကော်မတီတစ်ရပ်ကိုဖွဲ့စည်းရန် အမိန့်ပေးထားကြောင်း ရဲမှူးကြီး Krissana က ဆိုသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117