Connect with us

Asia

မြောက်ကိုရီးယားခေါင်းဆောင်က ထိန်းချုပ်ပစ်ခတ်နိုင်သည့် နည်းစနစ်သစ်ဒုံးကျည်စနစ်အား စမ်းသပ်ပစ်ခတ်ရန် ညွှန်ကြား

မြောက်ကိုရီးယားက ဒုံးကျည်တစ်ခုစမ်းသပ်ပစ်ခတ်စဉ် (ဆင်ဟွာ)

ပြုံယမ်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အသစ်တိုးတက်လာသော ထိန်းချုပ်ပစ်ခတ်နိုင်သည့် ဒုံးကျည်စနစ်အား စမ်းသပ်ပစ်ခတ်ရန် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un)က ဇူလိုင် ၃၁ ရက်တွင် ညွှန်ကြားခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းဌာန (KCNA) က သြဂုတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။

ကင်က ဒုံးကျည်စနစ် ၏ တိုးတက်မှု အသေးစိတ်အား သင်ကြားခဲ့ပြသခဲ့ပြီးနောက် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုအားကြည့်ရှုခဲ့ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။

တိုင်းပြည်၏ စစ်တပ်အတွက် တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ရန် ထိုစနစ်က ကြီးကျယ်၍ မဟာဗျူဟာမြောက်သောစနစ်ဖြစ်ကြောင်း နှင့် ကင်ကစမ်းသပ်မှုရလဒ်ကိုကျေနပ်မှုရှိပါကြောင်း အလေးပေးဖော်ပြခဲ့သည်။ (Xinhua)