Asia
မြောက်ကိုရီးယားနယ်စပ်တွင် တောင်ကိုရီးယားက လက်နက်ကြီးများဖြင့် စစ်ရေးလေ့ကျင့်စဉ် စစ်သား ၁ဦးသေ၊ ၆ဦးဒဏ်ရာရရှိ

ဆိုးလ်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ နှင့် ထိစပ်နေသော အရှေ့ပိုင်းနယ်စပ်တွင် လက်နက်ကြီးများဖြင့် စစ်ရေးလေ့ကျင့်စဉ် မတော်တဆပေါက်ကွဲမှုတစ်ခုကြောင့် တောင်ကိုရီးယား စစ်သားတစ်ဦး သေဆုံးပြီး အခြား ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြုချက်ရရှိခဲ့ကြောင်း Yonhap သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
စစ်တပ်အာဏာပိုင်များ၏ပြောကြားချက်ကို ကိုးကား၍ သတင်းဋ္ဌာနက မြောက်ကိုရီးယားနိုင်ငံ နှင့် နယ်နိမိတ်ထိစပ်နေသော Gangwon ပြည်နယ် Cheorwon မြို့ ရှိ အမြောက်ပစ်ကွင်း တွင် ဒေသစံတော်ချိန် နေ့လည် ၃နာရီ၌ မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယင်းမတော်တဆပေါက်ကွဲမှုကြောင့် ဒဏ်ရာအသေးစား နှင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် စစ်သား ၇ဦးကို နီးစပ်ရာဆေးရုံတစ်ခုကို ပို့ဆောင်ခဲ့ပြီး စစ်သားတစ်ဦးမှာဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မတော်တဆပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းအတိအကျကို သိရှိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)