Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မြို့တော် တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်မှုကြောင့် လတ်တလောတွင် အနည်းဆုံး လူ ၃၉ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်မှုကြောင့် သြဂုတ် ၁၈ ရက် သန်းခေါင်ယံမတိုင်မီ လူ ၁၄ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း ပြည်တွင်းမီဒီယာ ကဖော်ပြခဲ့သည်။

အဆိုပါ မီဒီယာက အစိုးရသည် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ၍ မြို့တော်မနီလာတွင် သြဂုတ်လ ၁၇ ရက်၌ လူ ၂၅ဦးအသတ်ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံရဲတပ်ဖွဲ့က ၎င်းတို့သည် မြို့တော်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်မှုများစွာ ပြုလုပ်ခဲ့ကြောင်း အတည်ပြုပေးခဲ့သော်လည်း သေဆုံးသူအရေအတွက်ကိုမူ ချက်ချင်းအတည်ပြုခြင်း မရှိခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၃ရက်အတွင်း မနီလာမြို့ အတွင်းဘက် နှင့် အပြင်ဘက်တွင် ပြုလုပ်ခဲ့သော စီးနင်းမှုများကြောင့် မူးယစ်တရားခံများစွာကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ ၏ နာမည်ကြီးသတင်းစာ ဖြစ်သော Inquirer က လူသေဆုံးမှုများသည် မနီလာမြို့၊ ကွီဇုန်မြို့ နှင့် ကာလိုကန်မြို့တို့၏ ဆင်ခြေဖုံးဧရိယာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖောြ်ပခဲ့သည်။ သေဆုံးသူများသည် မူးယစ်ဆေးဝါး သုံးစွဲသူ (သို့) ရောင်းချသူများဖြစ်ကြောင်း သိရသည်။

၎င်းက လွန်ခဲ့သည့် ၃ရက်အတွင်း ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးများကြောင့် လူ ၇၂ဦးသေဆုံးခဲ့ကြောင်း၊ ၎င်းအနက် သေဆုံးခဲ့သည့် မူးယစ်တရားခံ ၃၂ဦးမှာ မနီလာမြို့မြောက်ဘက် ဘူလာကန်ပြည်နယ်၌ ၂၄နာရီအတွင်း အသတ်ခံရသူများဖြစ်ကြောင်းဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117