Connect with us

Asia

အိန္ဒိယ၌ ရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၂၃ ဦးသေဆုံးပြီး ၅ဝ ကျော်ထိခိုက်ဒဏ်ရာရ

အိန္ဒိယနိုင်ငံ၌ ရထားတစ်စင်းတိမ်းမှောက်သွားပြီးနောက် ပျက်စီးမှုမြင်ကွင်းအား တွေ့ ရစဉ် (ဆင်ဟွာ)

အူထရာပရာဒတ် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒတ်(Uttar Pradesh)ပြည်နယ် Muzaffarnagar မြို့၌ သြဂုတ်လ ၁၉ ရက်တွင် ခရီးသည်တင် ရထားတစ်စင်း မတော်တဆလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၃ ဦးသေဆုံးပြီး အခြား ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အခင်းဖြစ် ရထားတွင် အတွဲပေါင်း ၁၄ တွဲ ပါဝင်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။၎င်းရထားသည် Muzaffarnagar မြို့ဧရိယာအတွင်း ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် လမ်းချော်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် လမ်းချော်ခဲ့ရသည်ကို မသိရှိရသေးကြောင်း အိန္ဒိယနိုင်ငံ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

ရထားတိမ်းမှောက်မှုအတွင်း အသက်သေဆုံးသွားသူများ၏ မိသားစုဝင်တစ်ဦးချင်းအတွက် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၇၇၉၂ နှင့် ဒဏ်ရာရသူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၅၅၈ ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ကြေညာထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117