Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ က တာတိုဒုံးပျံ စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံ ထုတ်ပြန်

မြောက်ကိုရီးယား နိုင်ငံ မှ ပစ်လွှတ် ခဲ့သည့် ဒုံးကျည် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ မေ ၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ က မေလ ၄ ရက် ၌ တာတိုဒုံးပျံ စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ခဲ့ပြီး ပစ်လွှတ်ခဲ့သည့် ဒုံးပျံ အမျိုးအစား အား မသိရှိရသေးကြောင်း ဒုံးပျံ စမ်းသပ် ပြုလုပ်မှု အပြီး တောင်ကိုရီးယား နိုင်ငံ မှ ထုတ်ပြန်ကြေညာ ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ Yonhap News Agency ၏ ဖော်ပြချက်အရ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် မေလ ၄ ရက် ဒေသစံတော်ချိန် ၉ နာရီ ၆ မိနစ် မှ ၂၇ မိနစ် အထိ Wonsan ဒေသ မှ အရှေ့မြောက်ဘက် သို့ အမျိုးအစား မသိ ဒုံးပျံ များကို ပစ်လွှတ် ခဲ့ကြောင်း ၊ ဒုံးပျံ များ က ကီလိုမီတာ ၇၀ မှ ၂၀၀ ခန့် အထိ ပျံသန်း ခဲ့ကြကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က မြောက်ကိုရီးယား နိုင်ငံ ၏ ဆက်လက်ဆောင်ရွက်နိုင်ဖွယ် ရှိသော ဒုံးပျံစမ်းသပ်မှု အပေါ် စောင့်ကြည့်တိုင်းတာမှု နှင့် ကာကွယ်မှု များ ကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ၊ တောင်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့က လက်ရှိချိန်တွင် ပစ်လွှတ် ခဲ့သည့် ဒုံးပျံ အမျိုးအစား နှင့် ပတ်သက်၍ အချက်အလက်များ ပိုမို ရရှိအောင် သုံးသပ်နေကြပြီး ပြင်ဆင်မှုများလည်း ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

ဒုံးပျံ စမ်းသပ် ပစ်လွှတ်မှု နှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံ မှ မည်သည့် ကြေညာချက် မှ မထုတ်ပြန်သေးကြောင်း သိရှိရသည်။(Xinhua)