Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဖန်နီဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ဖန်နီမုန်တိုင်းရှောင်စခန်းသို့ ရောက်ရှိနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဥဒစ္စပြည်နယ်တွင် မေလ ၃ ရက်၃ အလွန့်အလွန်အားကောင်းသော ဖန်နီဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၃ ဦးအနက် တစ်ဦးမှာ သစ်ပင်ပိမိ၍လည်းကောင်း၊ နောက်တစ်ဦးမှာ မုန်တိုင်းရှောင်စခန်းတွင် နှလုံးရောဂါကြောင့်လည်းကောင်း၊ ကျန်အမျိုးသမီးတစ်ဦးမှာမူ၎င်းအပေါ်သို့ ကွန်ကရစ် အဆောက်အအုံတစ်ခုမှ အပျက်အစီး ထိမှန်မှုကြောင့် သေဆုံးခဲ့ကြကြောင်း ပြည့်နယ် အစိုးရ တာဝန်ရှိသူများ ပြောကြားချက်အားကိုးကား၍ ဒေသခံမီဒီယာများက သတင်းဖော်ပြထားသည်။

မုန်တိုင်းဒဏ်ကြောင့် အဆိုပါပြည်နယ်အတွင်းရှိ သစ်ပင်များ အမြစ်မှကျွတ်ထွက်ကာ ဓာတ်တိုင်များလည်း ကျိုးကျပြီး နေရာအတော်များများ၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း၊ ဥဒစ္စပြည်နယ် ပူရီမြို့ရှိ နေရာများစွာနှင့် အခြားနေရာများတွင်လည်း မိုးသည်းထန်မှုကြောင့် ရေနစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်နှင့် အရှေ့ပိုင်း ဝက်စ်ဘန်ဂယ်ပြည်နယ်ရှိဒေသများတွင် လေပြင်းများ တိုက်ခတ်နေသည်ကို တွေ့မြင်နေရသည်။ယင်းဆိုင်ကလုန်းမုန်တိုင်းသည် တဖြည်းဖြည်း အားလျော့သွားမည်ဟု ဆိုသည်။အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) ကလည်း မုန်တိုင်းသင့်ပြည်နယ်များအတွက် ငွေကြေး အမေရိကန်ဒေါ်လာ ၁၄၃ သန်း သုံးစွဲရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.