Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံအား အကျိုးရှိစေမည် မဟုတ်သည့် အမေရိကန်နှင့် ထိပ်သီးအစည်းအဝေးကို စိတ်မဝင်စားဟုဆို

ပြုံးယမ်း ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံကို အကျိုးရှိစေမည် မဟုတ်သည့် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီး အစည်း အဝေးအား စိတ်ဝင်စားတော့မည် မဟုတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံ(DPRK)က တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA)၏ ဖော်ပြမှုတွင် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြံပေး ဖြစ်သူ Kim Kye Gwan က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား-အမေရိကန် ထိပ်သီး အစည်းအဝေးအား ထပ်မံ ပြုလုပ်ရန် နိုဝင်ဘာ ၁၇ ရက်တွင် တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်ကို သိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြံပေး  Kim Kye Gwan က ပြီးခဲ့သည့်နှစ် ဇွန်လကတည်းက မြောက်ကိုရီးယား-အမေရိကန် ထိပ်သီး အစည်းအဝေး နှင့် တွေ့ဆုံမှု သုံးကြိမ်တွင် မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေးတွင် လက်တွေ့ကျသည့် တိုးတက်မှု မရှိကြောင်း ပြောကြားခဲ့သည်။

ကိုရီးယား ကျွန်းဆွယ်ကိစ္စကို ဖြေရှင်းရာတွင် အမေရိကန် နိုင်ငံက တိုးတက်မှု ရှိသည်ဟု ဟန်ဆောင်ကာ အချိန်ဆွဲရန်သာ ကြိုးစားနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြံပေးက မြောက်ကိုရီးယား အနေဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်အား ဆက်လက် ကျေးဇူးတင်နေစရာ မလိုကြောင်း ၊ သို့သော် သမ္မတ ဒေါ်နယ်ထရန့်က မမှန်မကန် ဂုဏ်ယူပြောဆိုနေသည့် ၎င်း၏ အစိုးရ အောင်မြင်မှုများ ရခဲ့သည့် ဆိုခြင်း အတွက် အလျော်ပင်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကယ်၍ အမေရိကန်က မြောက်ကိုရီးယားနှင့် အမှန်တကယ် တွေ့ဆုံဆွေးနွေးလိုပါလျှင် မြောက်ကိုရီးယား အပေါ် ထားရှိ သည့် ရန်သူကဲ့သို့သော မူဝါဒအား စွန့်လွတ်၍ ပိုကောင်းသည့်  ဆုံးဖြတ်ချက်ကို ချသင့်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ အကြံပေးက ၎င်း၏ ကြေညာချက်တွင် ပြောကြားခဲ့သည်။

သိသာသော ဆက်စပ်မှု တစ်ခု အဖြစ် တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့သည် နိုဝင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယား နှင့် တွေ့ဆုံ ဆွေးနွေးမှုကို အားပေးရန် အားထုတ်မှု အဖြစ် ယခုလကုန်ပိုင်းတွင် ပူးပေါင်း ပြုလုပ်ရန် စီစဉ်ထားသည့် စစ်ရေး လေကြောင်း လေ့ကျင်မှုကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

မြောက်ကိုရီးယားအား ရန်ပြုလိုသည့် စစ်ရေး လေ့ကျင့်မှုများမှာ ကိုရီးယား ကျွန်းဆွယ် နျုကလီးယား ကင်းစင်ရေး အပေါ် ဆွေးနွေးမှုအသစ်များနှင့်လည်း မကိုက်ညီကြောင်း  မြောက်ကိုရီးယားက ဝေဖန်ခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.