Connect with us

Asia

ကမာ္ဘ့အကောင်းဆုံးဆန်စပါးပြိုင်ပွဲတွင် ဒုတိယနှစ်ထပ်မံရှုံးနိုမ့်ခဲ့သဖြင့် ထိုင်းဆန်ကို အရည်အသွေးမြှင့်တင်ရန် ဝန်ကြီး ညွှန်ကြား

စပါးစိုက်ပျိုးခင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ယခုနှစ် နိုဝင်ဘာလ အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပခဲ့သည့် “ကမာ္ဘ့အကောင်းဆုံးဆန်စပါးပြိုင်ပွဲ” တွင် နောက်တစ်ကြိမ်အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသည်ကို ပြန်လည်ချေဖျက်ရန်အတွက် ထိုင်းနိုင်ငံ၏ မျိုးရင်းစပါးတစ်မျိုးဖြစ်သော (Thailand’s Jasmine) စံပယ်ရနံ့ ထိုင်းပေါ်ဆန်းမွှေး “ Hom Mali” ဆန်ကို အရည်အသွေးမြှင့်တင်ရန် နှင့် တိုးတက်အောင် ဆောင်ရွက်ရန် ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေး နှင့် သမဝါယမဝန်ကြီးဌာန ဝန်ကြီး Chalermchai Sri-on က နိုဝင်ဘာ ၁၈ ရက် ပြောကြားလိုက်သည်။

အဆိုပါ အနံ့အရသာ ပြည့်စုံကောင်းမွန်သော Hom Mali ထိုင်းပေါ်ဆန်းမွှေးဆန်ကို ကမာ္ဘ့အကောင်းဆုံးဆန်အဖြစ် ထိပ်ဆုံး၌ ရပ်တည်နိုင်ရန် ဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ Hom Mali ဆန်ဟာ အခုနှစ် ကမာ္ဘ့အကောင်းဆုံး ဆန်စပါးချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗီယက်နမ်နိုင်ငံက Vietnam’s ST24 ဆန်ကို ရှုံးနိုမ့်ပြီး အကောင်းဆုံးဆုနဲ့ ဝေးကွာခဲ့ရတယ် ။ မနှစ်ကလည်း ကမော္ဘဒီးယားနိုင်ငံက Malys Angkor ဆန်ကို ရှုံးနိုမ့်ပြီး ချန်ပီယံဆုနဲ့ဝေးခဲ့ရတယ် ” ဟု ထိုင်းလယ်ယာစိုက်ပျိုးရေးဝန်ကြီးက Chalermchai က ဆိုသည်။

၎င်းက ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သော Vietnam’s ST24 ဆန်သည် ထိုင်းနိုင်ငံ၏ Hom Mali ဆန်ထက် အနံ့မွှေးကြိုင်မှုတွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသော်လည်း  ဆန်လုံး ရှည်လျားမှု ၊ ဆန်သားနူးညံ့မှု နှင့် အရသာကောင်းမွန်မှု စသည့်အချက်များတွင် သာလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ Vietnam’s ST24 ဆန်ကို ယခုကဲ့သို့ ထူးခြားကောင်းမွန်သော ဆန်ဖြစ်လာစေရန် ဗီယက်နမ်နိုင်ငံအနေဖြင့် အချိန် ၅ နှစ်ယူကာ  အဆင့်ဆင့်တိုးတက်ကောင်းမွန် အောင်ဆောင်ရွက်ခဲ့ရကြောင်း ဝန်ကြီး Chalermchai က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)