Connect with us

Asia

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် Karakoram Highway စီမံကိန်း ဒုတိယအဆင့် လမ်းအပိုင်း အောင်မြင်စွာ ဖွင့်လှစ်

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် Karakoram Highway စီမံကိန်း၏Havelian- Mansehra အဝေးပြေးလမ်းအပိုင်းအား ဝေဟင်မှ မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ ကနဦးကာလ အောင်မြင်မှုရလဒ်ကောင်းတစ်ခုအဖြစ် ပါကစ္စတန်နိုင်ငံ Karakoram Highway စီမံကိန်း၏Havelian- Mansehra အဝေးပြေးလမ်းအပိုင်းကို နိုဝင်ဘာ ၁၈ ရက်က အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

Havelian- Mansehra အဝေးပြေးလမ်းအပိုင်းကို တရုတ်နိုင်ငံ၏ စံချိန်စံညွှန်းဖြင့် ဒီဇိုင်းဆွဲဆောက်လုပ်ထားခြင်းဖြစ်ပြီး ၎င်းလမ်းအပိုင်း၏ စုစုပေါင်းအရှည်မှာ ၄၀ ကီလိုမီတာရှိရာ နှစ်လမ်းသွားယာဉ်ကြောလေးခုရှိ ကားလမ်းမကြီးဖြစ်ကြောင်း သိရသည်။

Karakoram Highway ဒုတိယအဆင့်စီမံကိန်းတွင် ကျန်ရှိနေသေးသည့် ကီလိုမီတာ ၈၀ ခန့်ကားလမ်းအပိုင်းတွင် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ရာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတွင် ဖောက်လုပ်ပြီးစီးမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် Karakoram Highway စီမံကိန်း၏Havelian- Mansehra အဝေးပြေးလမ်းအပိုင်းအား ဝေဟင်မှ မြင်တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် Karakoram Highway စီမံကိန်း၏Havelian- Mansehra အဝေးပြေးလမ်းအပိုင်းအား ဝေဟင်မှ မြင်တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် Karakoram Highway စီမံကိန်း၏Havelian- Mansehra အဝေးပြေးလမ်းအပိုင်းအား ဝေဟင်မှ မြင်တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် Karakoram Highway စီမံကိန်း၏Havelian- Mansehra အဝေးပြေးလမ်းအပိုင်းအား ဝေဟင်မှ မြင်တွေ့ရစဉ်(ဆင်ဟွာ) 

Havelianမြို့တွင် ကျင်းပသည့် ကားလမ်းဖွင့်ပွဲအခမ်းအနားတွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အင်မရန်ခန်း(Imran Khan) က  ယခုဖွင့်လှစ်သည့် Havelian- Mansehra အဝေးပြေးလမ်းအပိုင်းသည် ပါကစ္စတန်-တရုတ်စီးပွားရေးစင်္ကြံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊  စီးပွားရေးစင်္ကြံသည် ယာဉ်မောင်းနှင်ရာကားလမ်းသာမဟုတ်  ပါကစ္စတန်၏ တိုးတက်ရေးလမ်းလည်းဖြစ်ကြောင်း ဆိုသည်။ 

ပါကစ္စတန် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလျှောက်လှမ်းရာတွင် စီးပွားရေးစင်္ကြံသည် အရေးကြီးကြောင်း ၊ ထိုစီမံကိန်းကြီးအောက်တွင် နည်းပညာဆိုင်ရာ ပညာရေးကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ဆိပ်ကမ်းတည်ဆောက်ရေးကဏ္ဍများစသည်တို့တွင် တရုတ်နိုင်ငံ၏အကူအညီကို ရရှိမည်ဖြစ်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Karakoram Highway ဒုတိယအဆင့်စီမံကိန်းကို China Road and Bridge Corporation (CRBC)မှတာဝန်ယူတည်ဆောက်ပေးခြင်းဖြစ်ပြီး စီမံကိန်းကာလ ၄၂ လဖြင့် Havelianမှ Thakotအထိ စုစုပေါင်း ၁၂၀ ကီလိုမီတာ ခန့်ရှိသော အဝေးပြေးကားလမ်းမကြီးကို နှစ်လမ်းသွား ယာဉ်ကြောလေးခု၊အချို့နေရာများတွင် နှစ်လမ်းသွားယာဉ်ကြောနှစ်ခုဖြင့် ဖောက်လုပ်တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)