Asia
မြောက်ကိုရီးယား နိုင်ငံ က အမေရိကန် နိုင်ငံ သည် တောင်ကိုရီးယား နိုင်ငံ အတွင်း နျူကလီးယား ဗုံးကြဲလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း ပြောကြား
ပြုံယမ်း ၊ မေ ၂ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန က အမေရိကန် နိုင်ငံ ၏ B-1B မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တပ်ဖွဲ့သည် မေလ ၁ ရက်နေ့ တွင် မြောက်ကိုရီးယား နိုင်ငံ ကို တိုက်ခိုက်သည့် ပစ်မှတ်များ ဥပမာ ထားရှိ၍ နျူကလီးယား ဗုံးကြဲတိုက်ခိုက်လေ့ကျင့်မှု ကို ဆောင်ရွက်ခဲ့ကြောင်း မေလ ၂ ရက်နေ့က ဖော်ပြရေးသား ခဲ့သည်။
သတင်းဖော်ပြချက်တွင် Guam ကျွန်း မှ ထွက်ခွာလာသည့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တပ်ဖွဲ့သည် မေလ ၁ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံ အရှေ့ဘက် ပင်လယ်ပြင် သို့ လျှို့ဝှက် ပျံသန်း လာခဲ့ပြီး ယင်းဒေသ တွင် နေရာချထားသော Carl Vinson လေယာဉ်တင်သင်္ဘော နှင့် Michigan ရေငုပ်သင်္ဘော တို့ဖြင့် တိုက်ပွဲညှိနှိုင်းဆောင်ရွက်မှု ကို လေ့ကျင့်ပြီးနောက်တွင် တောင်ကိုရီးယား နယ်နိမိတ် ဝေဟင်အတွင်း မြောက်ကိုရီးယား အဓိက ပစ်မှတ်များကို ဥပမာထား၍ နျူကလီးယား ဗုံးကြဲတိုက်ခိုက်လေ့ကျင့်မှု ကို ဆောင်ရွက်ခဲ့ကြောင်း ပါဝင်ခဲ့သည်။
ထို့ပြင် သတင်းဖော်ပြချက်တွင် အမေရိကန် နိုင်ငံ ၏ စစ်ရေး ရန်စမှု ထပ်မံပြုလုပ်ခြင်းသည် ကိုရီးယား ကျွန်းဆွယ် အခြေအနေကို နျူကလီးယား စစ်ပွဲ နှုတ်ခမ်းသို့ ရောက်ရှိအောင် ပို့ဆောင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။(Xinhua)