Connect with us

Asia

ဂျပန်နိုင်ငံရှိ ဆေးရုံတစ်ခု အတွင်း ကားတစ်စီး အရှိန်လွန် ဝင်ရောက်လာမှု ကြောင့် လူ ၁၃ဦး ဒဏ်ရာရရှိ

ဂျပန်နိုင်ငံ အိုအီတာ စီရင်စု အား မြေပုံ၌တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ မေ ၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုအီတာ စီရင်စု တွင် မေ ၂ ရက် က ကားတစ်စီး သည် ဆေးရုံတစ်ခု ၏ ပြတင်းပေါက်များကို ဝင်တိုက်ပြီး ယင်းဆေးရုံ၏ နားနေဆောင်အတွင်းသို့ အရှိန်လွန်ဝင်ရောက်လာမှုကြောင့် လူ ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ယာဉ်တိုက်မှုကြောင့် သေဆုံးသူမရှိကြောင်း နှင့် လူ ၁၃ဦးသည် ဒဏ်ရာအသေးစားများသာ ရရှိခဲ့ပြီး ဆေးရုံအတွင်း၌ ဆေးကုသပေးခဲ့ကြောင်း သိရသည်။

မီနီဘတ်စ်ကားမောင်းသူသည် အသက် ၇၀ကျော်အရွယ် အဘွားအိုတစ်ဦး ဖြစ်ကြောင်း ယာဉ်တိုက်မှုနှင့် ပတ်သက်၍ စုံးစမ်းစစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်များကပြောကြားခဲ့သည်။

အိုအီတာမြို့ တွင် နံနက် ၁၀း၄၅နာရီ က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် ကားမောင်းသူ အဘွားအို တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

အိုအီတာ နာကာမူရာ ဆေးရုံသည် မြို့လယ်ခေါင် ရှိ အိုအီတာ စီရင်စုရုံး အရှေ့ဘက်တွင်တည်ရှိသည့် အထွေထွေရောဂါကုဆေးရုံဖြစ်ကြောင်း သိရသည်။

ယင်းဆေးရုံကို ၁၉၅၂ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ကုတင် ၂၆၀ဆန့် ဆေးရုံတစ်ခုဖြစ်ကာ လက်ရှိတွင် ဝန်ထမ်းဦးရေ ၅၀၀ နှင့် ဆေးကုသဋ္ဌာန ၂၀ ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.