Connect with us

Asia

၂ဝ၁၇ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသ၌ ဘန်ကောက်မြို့က လည်ပတ်ချင်စရာအကောင်းဆုံးဖြစ်


ဘန်ကောက် ၊ မေ ၄ ရက်(ဆင်ဟွာ)

သြဇာလွှမ်းမိုးမှုရှိသော မာစတာကတ်မှ နောက်ဆုံးထုတ်ပြန်လိုက်သည့် အာရှ-ပစိဖိတ် လည်ပတ်ချင်စရာအကောင်းဆုံး ညွှန်းကိန်း ၂ဝ၁၇ ခုနှစ် စာရင်းအရ အာရှပစိဖိတ်ဒေသတွင်းနေရာပေါင်း ၁၇၁ ခုအနက် ဘန်ကောက်မြို့သည် ခရီးသွားဧည့်သည်များအများဆုံး သွားရောက်လည်ပတ်သည့် ထိပ်ဆုံးနေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

မာစတာကတ်၏ စာရင်းများအရ အာရှ-ပစိဖိတ် ဒေသတွင်း နေရာပေါင်း ၁၇၁ ခုသို့၂ဝ၁၆ ခုနှစ်အတွင်းလာရောက်လည်ပတ်ခဲ့ကြသူ ဦးရေမှာ ၃၃၉.၂ သန်း ရှိပြီး ၎င်းတို့အနက် ဘန်ကောက်မြို့သို့နိုင်ငံတကာခရီးသွား ၁၉.၃ သန်းကို သွားရောက်လည်ပတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့သည် ကမ္ဘာလှည့်ခရီးသွား ၁၃.၁ သန်းဝင်ရောက်ခဲ့သည့် စင်ကာပူနိုင်ငံကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသလည်ပတ်ချင်စရာအကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခံရသော ဘန်ကောက်မြို့တော် မြင်ကွင်များအားတွေ့ရစဉ် (ဆင်ဟွာ)

အာရှ-ပစိဖိတ်ဒေသလည်ပတ်ချင်စရာအကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခံရသော ဘန်ကောက်မြို့တော် မြင်ကွင်များအားတွေ့ရစဉ် (ဆင်ဟွာ)

အာရှ-ပစိဖိတ်ဒေသလည်ပတ်ချင်စရာအကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခံရသော ဘန်ကောက်မြို့တော် မြင်ကွင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင်ထိုင်းနိုင်ငံရှိ ဖူးခတ် နှင့် ပတ္တယားကမ်းခြေများသို့ခရီးသည် ၉.၁ သန်း နှင့် ၈.၁ သန်းအသီးသီးဝင်ရောက်ခဲ့ရာ အာရှ-ပစိဖိတ်ဒေသ၏ ထိပ်ဆုံး ၁ဝ နေရာစာရင်းတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့၌ လည်ပတ်ပြီး ညအိပ်ခဲ့သူများ၏ စုစုပေါင်း အိပ်စက်ခဲ့သော ညပေါင်းကိုရေတွက်မည်ဆိုပါက ၈၇.၆ သန်းညထိ ရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်းသို့လာရောက်လည်ပတ်ခဲ့သော နိုင်ငံခြားခရီးသွားများသည် ၂ဝ၁၆ ခုနှစ်အတွင်း အသုံးပြုခဲ့သော ငွေကြေးပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၄.၉ ဘီလီယံရှိခဲ့ရာ ဘန်ကောက်မြို့၌ အသုံးပြုခဲ့သော ငွေကြေးပမာဏသည် အမေရိကန်ဒေါ်လာ ၁၂.၇ ဘီလီယံရှိခဲ့ကြောင်းသိရသည်။ စင်ကာပူနိုင်ငံ၌ ခရီးသွားများအသုံးပြုခဲ့သော ငွေပမာဏသည် ၁၅.၄ ဘီလီယံ ရှိခဲ့ရာ စာရင်း၌ ထိပ်ဆုံးနေရာက ရပ်တည်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်သောခရီးသည်များတွင် တရုတ်နိုင်ငံမှ ဦးရေ အများဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.