Asia
ရုရှားမှ ပို့ဆောင်ရေး လေယာဉ် နှစ်စင်း ထိုင်းဝယ်ယူ
ဘန်ကောက် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံထုတ် ပို့ဆောင်ရေးလေယာဉ်သစ် နှစ်စင်းကို ထိုင်းနိုင်ငံ လေတပ်မှ ဝယ်ယူခဲ့ကြောင်း စက်တင်ဘာ ၁ ရက် ထုတ် ထိုင်းပြည်တွင်း သတင်းစာများက ရေးသားဖော်ပြသည်။
အဆိုပါ Sukhoi စူပါဂျက် 100LR ပို့ဆောင်ရေးလေယာဉ် နှစ်စင်းကို တစ်စင်းလျှင် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ထိုင်းတော်ဝင်မိသားစု နှင့် (VIP) အရေးကြီးပုဂ္ဂိုလ်များ၏ လေကြောင်းခရီးစဉ်များအတွက် ပျံသန်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံလေတပ်ဌာနချုပ်၌ ကျင်းပသည့် ရုရှားလေယာဉ်လွှဲပြောင်းအပ်နှင်းပွဲတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပါရာယွတ်ချန်အိုချာက သဘာပတိအဖြစ် လက်ခံ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရုရှားနိုင်ငံမှ ဝယ်ယူခဲ့သော ပို့ဆောင်ရေးလေယာဉ်ပေါ်မှ လက်ပြနှုတ်ဆက်နေသည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်အားတွေ့ရစဉ် (ဆင်ဟွာ)
လက်ရှိ ထိုင်းတော်ဝင်မိသားစု နှင့် အခြားအရေးကြီးပုဂ္ဂိုလ်များ အသုံးပြုလျက်ရှိသည့် ဘိုးရင်း ၇၃၇ လေယာဉ်များ နှင့် ခရီးသည်တင်လေယာဉ်ကြီးအချို့နှင့် တွဲဖက်၍ အဆိုပါ Sukhoi စူပါဂျက် 100LR လေယာဉ်နှစ်စင်းကိုပါ ထပ်မံ ဖြည့်စွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် ရုရှားနိုင်ငံထံမှ ဂျက်လေယာဉ်များကို လွန်ခဲ့သော နှစ်အနည်းငယ် ယခင်ထိုင်းဝန်ကြီးချုပ်(ဟောင်း) ယင်းလတ်ရှင်နာဝတ်ထရာ လက်ထက်ကတည်းက စတင် ဝယ်ယူအသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)