Connect with us

Asia

ရှားပါး သင်းခွေချပ် ၆၀ ကျော် ဗီယက်နမ်တွင် ကယ်တင်နိုင်ခဲ့

လှောင်အိမ်အတွင်းရှိ သင်းခွေချပ်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ထိုင်းဘင့်ပြည်နယ်တွင် တွေ့ရှိခဲ့သည့် Manis javanica မျိုးစိပ်ဝင် ရှားပါးသင်းခွေချပ် ၆၁ ကောင်ကို အကျိုးအမြတ်မယူသော အဖွဲ့အစည်း Save Vietnam’s Wildlife (SVW) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တရားမဝင် ရောင်းချမည့် အဆိုပါ သင်းခွေချပ်များအား ထိုင်းဘင့် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၄ ရက်က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံပိုင် သတင်းအေဂျင်စီ VNA က အောက်တိုဘာလ ၆ ရက်၌ သတင်းတင်ပြထားသည်။

ယင်းအနက် သင်းခွေချပ် သုံးကောင်မှာ သေဆုံးနေပြီး ဖြစ်ကြောင်း တစ်ကောင်မှာမူ အလွန်အမင်း ဖျားနာလျက်ရှိကြောင်း SVW အဖွဲ့က ကြေညာချက်၌ ပြောကြားထားသည်။

ထို သင်းခွေချပ်များအား တောအတွင်းသို့ ပြန်မလွှတ်မီ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Cuc Phuong အမျိုးသား ဥယျာဉ်ရှိ ကယ်ဆယ်ရေး စင်တာတွင် ထိန်းသိမ်းစောင့်ရှောက်ထားမည် ဖြစ်ကြောင်း SVW ၏ ကျွမ်းကျင်သူက ပြောသည်။

ပြီးခဲ့သည့် နှစ်လက သင်းခွေချပ် ၅၃ ကောင်အား တောထဲသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် Sunda Pangolin နှင့် Manis Javanica ဟူ၍ သင်းခွေချပ် မျိုးစိပ် နှစ်မျိုးနှင့် တရုတ် သင်းခွေချပ်များ ရှိသည်။ ယင်း မျိုးစိပ် နှစ်မျိုးလုံးသည် ရှားပါး၍ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်ကြောင်း သိရသည်။

သင်းခွေချပ်များသည် ကမ္ဘာပေါ်တွင် တရားမဝင် ကုန်သွယ်မှု အများဆုံး ပြုလုပ်ခံရသည့် သတ္တဝါများ ဖြစ်သည်။

ဗီယက်နမ်တွင် သင်းခွေချပ်များ ဖမ်းဆီးခြင်းနှင့် ကုန်သွယ်ခြင်းအား ကန့်သတ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.