Connect with us

Asia

အပူပိုင်း မုန်တိုင်း အာရီ အတွက် ဗီယက်နမ် ကြိုတင် ပြင်ဆင်

ဗီယက်နမ်သို့ ဝင်ရောက်ခဲ့သည့် သုံးလုံးမြောက် အပူပိုင်းမုန်တိုင်းအား မြေပုံဖြင့် ပြသထားစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သည့် ဒေသခံများအနေဖြင့် မကြာမီ ဝင်ရောက်ရန် ရှိသော အပူပိုင်း မုန်တိုင်း အာရီ (Aere) အတွက် သတိရှိကြရန်နှင့် ကြိုတင် ပြင်ဆင်ထားကြရန် ဗီယက်နမ် သဘာဝဘေး ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဋ္ဌာနက တိုက်တွန်းလိုက်သည်။

နိုင်ငံ မြောက်ပိုင်း Quang Ninh ပြည်နယ်မှ Khanh Hoa ပြည်နယ်အထိ ကမ်းရိုးတန်း ဒေသများ၌ နေထိုင်သည့် ဒေသခံများ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးများနှင့်အတူ အာရီ မုန်တိုင်း၏ ပြောင်းလဲ ဖြစ်ပေါ်မှုအား အဆက်မပြတ် ရယူသွားရန် သတိပေးထားကြောင်း သိရသည်။

ရေပြင်အတွင်းရှိသည့် လှေများနှင့် သင်္ဘောများအားလည်း ၎င်းတို့၏ တည်နေရာနှင့် မုန်တိုင်း တိုးတက်မှု အဆင့်အား သတင်းပေးရန်နှင့် အန္တရာယ်ရှိ နေရာများအား ရှောင်ရှားကြရန် သတိပေးထားသည်။

လာမည့် ၄၈ နာရီမှ ၇၁ နာရီအတွင်း တိုင်ဖွန်း မုန်တိုင်း အာရီသည် အားကောင်းလာနိုင်ကြောင်း ဋ္ဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောပြထားသည်။

ယခု မုန်တိုင်းသည် ဗီယက်နမ်သို့ ဝင်ရောက်ခဲ့ပါက ယခုနှစ်အတွက် ခြောက်ခုမြောက် မုန်တိုင်း ဖြစ်လာမည် ဖြစ်သည်။

၂၀၁၆ ခုနှစ် ပထမ ကိုးလအတွင်း အအေးလွန်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မုန်တိုင်းများ၊ အပူပိုင်း လေဖိအားနည်းရပ်ဝန်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် လူပေါင်း အနည်းဆုံး ၁၂၅ ဦး သေဆုံးခဲ့ကာ ပျောက်ဆုံးသူများလည်း ရှိကြောင်း လူပေါင်း ၂၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗီယက်နမ်တွင် ကိုးလအတွင်း သဘာဝဘေးကြောင့် စီးပွားရေး ဆုံးရှုံးမှု ဗီယက်နမ်ငွေ ၁၀.၆ ထရီလီယံရှိကြောင်း အထွေထွေ စာရင်းအင် ရုံးထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.