Connect with us

Asia

သတင်းသမား(ဟောင်း)တစ်ဦးကို တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ဒူတာတေး ခန့်အပ်

တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Jose Santiago Sta.Romana အားတွေ့ ရစဉ်(ဆင်ဟွာ)

မနီလာ ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်အသစ်အဖြစ် သတင်းသမား(ဟောင်း)တစ်ဦးဖြစ်သူ Jose Santiago Sta.Romana အား အောက်တိုဘာလ ၅ ရက်က ခန့်အပ်တာဝန်ပေးလိုက်ကြောင်းသိရသည်။

ထိုသို့တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရခြင်းနှင့်ပတ်သက်၍ ဟုတ်မှန်ကြောင်း အသက် ၆၈ နှစ်အရွယ် Sta. Romana က ဆင်ဟွာသတင်းဌာနသို့အတည်ပြုပြောကြားခဲ့သည်။ ၎င်းအား တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဒူတာတေးက စက်တင်ဘာ ၂၈ ရက်တွင် အမည်စာရင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Sta.Romana သည် အမေရိကန်အခြေစိုက် ABC သတင်းဌာန၏ ပေကျင်းဌာနဗျူရိုအကြီးအကဲအဖြစ် တရုတ်နိုင်ငံ၌ ဆယ်စုနှစ်များစွာ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ၎င်းသည် ၁၉၈၉ ခုနှစ် မှ တာဝန်မှ အနားယူခဲ့သည့် ၂ဝ၁၀ ပြည့်နှစ်အထိ တရုတ်နိုင်ငံ၌ နေထိုင်၍ ABC သတင်းဌာနအတွက်သတင်းများကို တင်ဆက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ၎င်းသည် ဖိလစ်ပိုင်နိုင်ငံကျေးလက် ပြန်လည်ထူထောင်ရေးလှုပ်ရှားမှုအဖွဲ့တွင် အမှုဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.