Asia
လာအို မြောက်ပိုင်းတွင် ဘတ်စ်ကား တစ်စီး တိုက်ခိုက်ခံရမှု၌ တရုတ်နိုင်ငံသား ၆ ဦး ဒဏ်ရာ ရရှိ
ဗီယန်ကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံ မြောက်ပိုင်း တွင် မတ်လ ၂၃ ရက် ညက နယ်စပ်ဖြတ်ကျော် ဘတ်စ်ကား တစ်စီး တိုက်ခိုက်ခံရ၍ တရုတ်နိုင်ငံသား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တရုတ် နိုင်ငံ သံရုံးက ပြောကြားခဲ့သည်။
တိုက်ခိုက်ခံရသူများသည် ကားဒရိုင်ဘာများနှင့် ခရီးသည်များ ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့မှ ဗီယန်ကျင်း မြို့သို့ လာရောက် လည်ပတ်သူများ ဖြစ်ကြကြောင်း တရုတ်သံရုံး တာဝန်ရှိသူများက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ကားဒရိုင်ဘာ ၃ ဦးနှင့် ခရီးသည် ၂၅ ဦးကို တင်ဆောင်လာသည့် အဆိုပါ ဘတ်စ်ကားအား ဒေသ စံတော်ချိန် ည ၉ နာရီတွင် အမည်မသိ သေနတ်သမားများက ဗီယန်ကျင်း ပြည်နယ် Kasi ဒေသရှိ လမ်းမပေါ်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကားဒရိုင်ဘာ ဒဏ်ရာ ရရှိခဲ့သော်လည်း ဘေးကင်းစွာ မောင်းနှင်နိုင်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ တရုတ်နိုင်ငံသား များအား ဆေးကုသမှု ခံယူရန် ဒေသတွင်းရှိ ဆေးရုံ တစ်ရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ (Xinhua)