Connect with us

Asia

အိန္ဒိယနိုင်ငံ ဟိုလီပွဲတော် အတွင်း သေဆုံးသူ ၃ဝ ဦးရှိ

မတ် ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် ဟိုလီပွဲတော်တွင် တွေ့ရသော အိန္ဒိယအမျိုးသမီးငယ်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက် )

နယူးဒေလီ ၊ မတ် ၂၅ ရက် ( ဆင်ဟွာ )

မတ်လ ၂၄ ရက်တွင် ကျရောက် အိန္ဒိယနိုင်ငံ ဟိုလီ ပွဲတော်အတွင်း အပျော်လွန်ကြရာမှ သေဆုံးသူ ၃၀ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း AIR ရေဒီယို အသံလွှင့်ဌာနက ကြေညာသွားသည်။

သေဆုံးသူအများစုသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပါရာဒက်ရှ် ပြည်နယ်အတွင်းရှိ နေရပ်အသီးသီးမှ ပြည်သူများ ဖြစ်သည်ဟု ဆိုသည်။ “ ဟိုလီပွဲတော် ၂ ရက် အတွင်းမှာ အူထရာပါရာဒက်ရှ်ပြည်နယ်ထဲမှာတော့ အနည်းဆုံး လူပေါင်း ၃ဝ လောက်သေသွားတယ်။ ပြီးတော့ ဒါဇင်ပေါင်းများစွာလည်း ဒဏ်ရာရသွားကြတယ်။ ပွဲတော်လာ ပရိသတ်တွေကို နိုင်နိုင်နှင်းနှင်းထိန်းသိမ်းဖို့ပျက်ကွက်တာရယ်၊ လူအုပ်ချင်းချင်းတက်နင်းမိကြတာရယ် ၊ မူးယစ် သောက်စားပြီး ကားမောင်းလို့ မတော်တဆဖြစ်တာတွေရယ်ကြောင့် သေကြ ၊ ဒဏ်ရာရကြတာပါ”ဟု AIR အိန္ဒိယသတင်းဌာနက ကြေညာသွားခဲ့သည်။

သတင်းဌာန၏ ပြောဆိုချက်အရ အူထရာပရာဒက်ရှ် ပြည်နယ်၏ မြို့တော်တွင် သေဆုံးသွားသူ ၁၉ ဦးမှာ လူအုပ်ပိမိခြင်း နှင့် မူးယစ်သောက်စားရာမှ ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးသူများဟု ဆိုသည်။ ထို့ပြင် Madiaon နှင့် Gosaiganj ဧရိယာအတွင်းတွင်လည်း အချင်းချင်းလူအုပ်ပိမိခြင်းကြောင်း သေဆုံးသူ တစ်ဦးစီရှိကြောင်း နှင့် ဒဏ်ရာရသူ ၄၀ ဦး ရှိကြောင်း AIR ကဆိုသည်။

ဟိုလီပွဲတော်ဟု လူသိများသည့် အချင်းချင်းရောင်စုံ အရည်များဖြင့် ပက်ဖျန်းကြသော ပျော်ပွဲရွှင်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ဆင်နွှဲခဲ့ကြသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.