Asia
လှေစီး ရွှေ့ပြောင်း သူများ အရေးကို ကိုင်တွယ်ဆောင်ရွက်ရန် မလေးရှား၊ အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံ တို့ သဘောတူ
ကွာလာလမ်ပူ ၊ မေ ၂၀ (ဆင်ဟွာ)
လှေစီး ပြောင်းရွှေ့သူများ အရေးကို လတ်တလော စီမံဆောင်ရွက်ရန် မလေးရှား ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ တို့မှ နိုင်ငံခြားရေး ဝန်ကြီးများ မေလ ၂၀ ရက်နေ့ ဆွေးနွေးမှုတွင် သဘောတူညီ ခဲ့ကြသည်။
ထောင်ပေါင်းများစွာသော ဘင်္ဂလားဒေ့ရှ် လူမျိုးများနှင့် မြန်မာဘက်မှ ထွက်လာသော ဘင်္ဂလီများသည် ပင်လယ်ပြင်တွင် ပြီးခဲ့သည် သီတင်းပတ်က ရောက်ရှိနေသည်။
ဆွေးနွေးပွဲတွင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Anifah Aman ၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Tanasak Patimapragorn နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi တို့သည် ထိုအရေးကိစ္စကို စည်းလုံး ညီညွတ်သော အာဆီယံ စိတ်ဓာတ်ဖြင့် ဖြေရှင်းသွားရန် သဘောတူ ခဲ့ကြသည်။
အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် ထိုလှေစီး ရွှေ့ပြောင်းသူ များ အပေါ်တွင် လူမှောင်ခို ပြုလုပ်ခြင်း ၊ လူကုန်ကူးခြင်း ပြုလုပ်သည့် အပေါ် ရှုတ်ချကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတို့၏ အင်အားနှင့်သာ ထိုအရေးကိစ္စကို ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်း ပါရှိသည်။
၎င်းတို့ ၃ နိုင်ငံ အနေဖြင့် အပြည်ပြည် ဆိုင်ရာ ဥပဒေ ၊ ပြည်တွင်း ဥပဒေများနှင့် အညီ ထို ရွှေ့ပြောင်း သူများကို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ် ဆောင်ရွက်ရန် သဘောတူထားကြောင်း ဆိုသည်။
အထောက်အပံ့များ ပေးအပ်ကာ ၁ နှစ် အတွင်း ၎င်းတို့ကို မူလနေရပ်သို့ ပြန်နိုင်ရန် (သို့မဟုတ်) တတိယ နိုင်ငံတွင် အခြေကျ နေထိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝန်းမှ ဝိုင်ဝန်း ကူညီကြရန်လည်း တောင်းဆိုခဲ့သည်။
ထိုအရေး ကိစ္စ အပေါ် အာဆီယံ ဝန်ကြီးများ အစည်းအဝေး ကျင်းပရန် ထောက်ခံကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)