Connect with us

Asia

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ကေဆောင် စက်မှုဇုံ သွားမည့် ခရီးစဉ် မြောက်ကိုရီးယား ပယ်ဖျက်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးးချုပ် ဘန်ကီမွန်း (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ မေ ၂၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မေလ ၂၁ ရက်နေ့တွင် ကေဆောင် စက်မှုဇုန် သွားရောက်မည့် ခရီးစဉ်ကို မြောက်ကိုရီးယား နိုင်ငံ (DPRK) က အစောပိုင်းတွင် သဘောတူခဲ့သော်လည်း မေလ ၂၀ ရက်နေ့တွင် ပယ်ဖျက် လိုက်သည်။

“ မြောက်ကိုရီးယား နိုင်ငံက ဘာအကြောင်း ပြချက်မှ မပေးဘဲ ခရီးစဉ်ကို ပယ်ဖျက် လိုက်ကြောင်း အကြောင်းကြားလာပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားကြောင်း တောင်ကိုရီးယား (ROK) မီဒီယာ Yonhap သတင်းဌာနတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား နိုင်ငံက ထိုကဲ့သို့ ၎င်းခရီးစဉ် ပယ်ဖျက်ခြင်းကြောင့် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း ၊ ကိုရီးယား ကျွန်းဆွယ် အရေး ကိစ္စနှင့် ပက်သတ်ပြီး ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆက်လက် ကြိုးပမ်း အားထုတ်သွားမည် ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောကြားသည်။
ဘန်ကီမွန်း သည် တောင်ကိုရီးယား နိုင်ငံ ဆိပ်ကမ်း မြို့တော် အင်ချွန်းတွင် မေလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ကျင်းပမည့် ကမ္ဘာ့ ပညာရေး ဖိုရမ် တက်ရောက်ရန် တောင်ကိုရီးယား သို့ မေလ ၁၈ ရက်တွင် ရောက်ရှိခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ၎င်းသည် မေလ ၂၁ ရက်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်ရှိ ကေဆောင် (Kaesong) စက်မှုဇုန်သို့ သွားရောက်မည်ဖြစ်ကြောင်း မေလ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကေဆောင် စက်မှုဇုန်သည် ၂၀၀၄ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖွင့်လှစ်ပြီး တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စီမံခန့်ခွဲ ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား လုပ်သား ၅၃,၀၀၀ ကို ငှားရမ်း လုပ်ကိုင် နေသည့် တောင်ကိုရီးယား ကုမ္ပဏီ ၁၂၀ ခန့် သည်လည်း ထိုစက်မှုဇုန်တွင် လုပ်ကိုင် နေကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117