Connect with us

Asia

ဗီယက်နမ် တောင်ပိုင်းတွင် ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ် H5N1 ကူးစက်

၂၀၁၃ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့၌ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု စမ်းသပ် စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဟိုချီမင်း ၊ မေ ၂၁ ရက် (ဆင်ဟွာ)
ဗီယက်နမ် Ninh Thuan ဒေသတွင် မကြာသေးမီက ဘဲအကောင် ၆၀ ခန့် သေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ ၃ ကောင်တွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် H5N1 ကို စမ်းသပ် တွေ့ရှိ ကြောင်း ဗီယက်နမ် သတင်းဌာနက မေလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

Ninh Son ခရိုင် စိုက်ပျိုး မွေးမြူရေး ခြံတစ်ခုတွင် ၃ လ အရွယ် ဘဲများ ရုတ်တရက် ဖျားပြီး သေဆုံးကြောင်း Ninh Thuan တိရိစ္ဆာန် ကျန်းမာရေးဌာန၏ ပြောကြားချက်အရ သိရသည်။
ဘဲအုပ်များတွင် ၎င်း ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ရှိသည့် ဘဲများကို ရှင်းလင်း သုတ်သင် နေကြောင်း Ninh Thuan တိရိစ္ဆာန် ကျန်းမာရေး ဌာနက ပြောကြားသည်။
ယခု ၂၀၁၅ ခုနှစ် ဆန်းပိုင်းက စတင်ကာ Ninh Thuan ဒေသတွင် ကြက် ၊ ဘဲများတွင် H5N1 ဗိုင်းရပ်စ် ကူးစက်ခံရမှုကို ပထမဆုံး တွေ့ရှိခြင်း ဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၏ ဒေသ အတော်များများ ရှိ ကြက်ဘဲများတွင် H5N1 ဗိုင်းရပ်စ် ကူးစက်ခံခဲ့ ရကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117