Connect with us

Asia

အထွေထွေ ရွေးကောက်ပွဲ အတွက် စင်ကာပူနိုင်ငံသားတို့ မဲပေးပြီ

စင်ကာပူ နိုင်ငံရှိ မဲရုံတစ်ရုံတွင် မဲပေးနေစဉ် (ဆင်ဟွာ)

စင်ကာပူ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံ တစ်ဝှမ်းရှိ နိုင်ငံသားများ အားလုံးသည် သောကြာနေ့တွင် အထွေထွေ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ မဲထည့် ခဲ့ကြသည်။

စင်ကာပူနိုင်ငံတွင် မဲရုံပေါင်း ၈၃၂ ရုံကို သောကြာနေ့ ဒေသ စံတော်ချိန် နံနက် ၈း၀၀ နာရီမှ စတင် ဖွင့်ခဲ့ပြီး ည ၈း၀၀ နာရီတွင် မဲရုံ ပိတ်သိမ်းမည် ဖြစ်သည်။ စင်ကာပူနိုင်ငံသည့် မလေးရှားနိုင်ငံ လက်အောက်မှ လွတ်လပ်ရေး ရခဲ့သော ၁၉၆၅ ခုနှစ် ကတည်းကစ၍ ပထမဆုံးအကြိမ်အဖြစ် လက်ရှိ အာဏာရ ပါတီဖြစ်သော ပြည်သူ့လုပ်ရှားမှု ပါတီ (People’s Action Party) သည် ပါလီမန်နေရာ အားလုံးဖြစ်သည့် ၈၉ နေရာလုံးတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပြည်ပရောက် စင်ကာပူ နိုင်ငံသားများကလည်း ပေကျင်း၊ ဟောင်ကောင်၊ လန်ဒန်၊ တိုကျို၊ နယူးယောက်၊ ဒူဘိုင်း အပါအဝင် သတ်မှတ်ထားသော ပြည်ပရှိမဲရုံ ၁၀ ရုံတွင် မဲပေးနိုင်မည် ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ၂.၄၅ မီလီယံရှိပြီး ယင်းအရေအတွက်သည် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲထက် ၄.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အမျိုးစုံ ကွဲပြားသော ကိုယ်စားလှယ်များ ပါဝင်သည့် ပါလီမန်ကို လိုလားသော ငယ်ရွယ်သူ မဲဆန္ဒရှင်များသည် သည်နှစ် ရွေးကောက်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် မည်ဟု ခန့်မှန်းထားပါသည်။

ပါလီမန် လွှတ်တော်နေရာ ၈၉ နေရာအတွက် ကိုယ်စားပြု မဲဆန္ဒနယ် (Group Representation Constituencies= GRCs) ၁၆ နယ်ခွဲထားပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် (Single Member Constituencies = SMCs) ၁၃ ဦး ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မဲပေးပြီးတဲ့နောက် ကိုယ်စားလှယ် လောင်းများနှင့် ပြည်သူလူထုသည် မဲရေတွက်ရန် သတ်မှတ်ထားသော စင်တာများတွင် ရလဒ်အား စောင့်ဆိုင်းနိုင်ပါသည်။ ပုံမှန်အားဖြင့်တော့ ထိုရလဒ်များသည် နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ပေါ်ထွက်လာလေ့ရှိသည်။

ရွေးကောက်ပွဲဋ္ဌာန အနေဖြင့် တရားမဝင်သတင်းရင်းမြစ်များ၏ နားလည်မှုလွဲခြင်းနှင့်် ထင်မြင်ချက်များမှ ကာကွယ်ရန်ရည်ရွယ်၍ ရလဒ်အား ထုတ်ပြန်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရလဒ်များအား ဒေသစံတော်ချိန် ည ၁၀း၀၀ နာရီအချိန်တွင် ကြေညာမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.