Connect with us

Asia

အမေရိကန်သည် ဖိအားပေးခံရမှု များကြောင့် လာမည့် စီးပွားရေးနှစ်တွင် ဆီးရီးယား ဒုက္ခသည် တစ်သောင်းအား လက်ခံ သွားမည် ဖြစ်ကြောင်း ပြောကြား

ဂျော်ဒန်-ဆီးရီးယား နယ်စပ်တွင် ဆီးရီးယား နိုင်ငံမှ ဒုက္ခသည်များအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ အိုဘားမားမှ အမေရိကန် အစိုးရအား ၂၀၁၆ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် ဆီးရီးယား ဒုက္ခသည် တစ်သောင်းအား လက်ခံပေးရန် တောင်းဆို လိုက်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ Josh.Ernest မှ စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဤ ကိန်းဂဏန်းသည် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များမှ အမေရိကန်အား ဒုက္ခသည် လက်ခံရန် တောင်းဆိုခဲ့သည့် ကိန်းဂဏန်းနှင့် များစွာ ကွာဟ နေပါသည်။

သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးမှ အင်္ဂလန် နိုင်ငံ အနေဖြင့် ဆီးရီးယား ဒုက္ခသည် နှစ်သောင်းအား လက်ခံမည်ကို ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံ အနေဖြင့် အင်္ဂလန် နိုင်ငံထက် ဒုက္ခသည် လက်ခံရမည့် ကိန်းဂဏန်းမှာ များစွာ ပိုမို များပြားကြောင်း ၊ အဘယ်ကြောင့် တစ်သောင်း ဟူသည့် ကိန်းဂဏန်း အား သတ်မှတ် ခဲ့ကြောင်းကို မေးမြန်းခဲ့ရာ Josh.Ernest မှ ဤ တစ်သောင်း ဆိုသော ကိန်းဂဏန်းမှာ အမေရိကန် နိုင်ငံ အနေဖြင့် ဆီးရီးယား ဒုက္ခသည်များ လက်ခံမှု တိုးတက်လာ သည်ကို ပေါ်လွင်စေကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဆီးရီးယား ဘေးဒုက္ခ ကျရောက်စဉ်မှ စတင်၍ အမေရိကန်နိုင်ငံ အနေဖြင့် ဒုက္ခသည် ၁,၅၀၀ ကိုသာ လက်ခံခဲ့သည်။အိုဘားမား အစိုးရ အနေဖြင့် ယခုရက်ပိုင်း ကာလတွင် ဒုက္ခသည် ပြဿနာနှင့် ပတ်သက်၍ ဥရောပ နိုင်ငံ များ၏ ဝေဖန်မှုနှင့် ကြုံတွေ့ နေခဲ့ရပြီး အပြည်ပြည် ဆိုင်ရာ ဒုက္ခသည် အဖွဲ့အစည်းမှလည်း အမေရိကန် နိုင်ငံ ၏ ဆီးရီးယား ဒုက္ခသည် ကိစ္စရပ်နှင့် ပတ်သက်၍ ဆောင်ရွက်မှုသည် လွန်စွာ နှေးကွေးပြီး တာဝန်ယူမှု နည်းပါးကြောင်း ပြောကြား ခဲ့သည်။ အင်္ဂလန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ကူညီ ထောက်ပံ့ရေး ကော်မတီမှ အမေရိကန် နိုင်ငံအား ဒုက္ခသည် ကိစ္စရပ် နှင့် ပတ်သက်ပြီး ဝေဖန်ခဲ့ကာ အမေရိကန် အနေဖြင့် ဒုက္ခသည် ၆၅,၀၀၀ လက်ခံ သင့်ကြောင်း ပြောကြား ခဲ့သည်။

Josh.Ernest မှ ဤကဲ့သို့သော နိုင်ငံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန် အနေဖြင့် အမေရိကန် နိုင်ငံ လုံခြုံရေးနှင့် အမေရိကန် ပြည်သူလူထု လုံခြုံရေး ကိုသာ အဓိက အလေးထားမည် ဖြစ်ကြောင်း ကာကွယ် ပြောကြား ခဲ့သည်။ (Xinhua)