Connect with us

Asia

အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မလေးရှားသို့ ထွက်ခွာ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ခေါင်းဆောင်များ၏ နှစ်ပတ်လည် အစည်းအဝေးများ တက်ရောက်ရန်နှင့် မလေးရှား နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် မလေးရှား နိုင်ငံသို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ သွားရောက်ရန် ပေကျင်းမြို့မှ ယနေ့ ထွက်ခွာသွားကြောင်း သိရသည်။

ဝန်ကြီးချုပ် လီခဲ့ချန်က ၁၈ ကြိမ်မြောက် တရုတ် နှင့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၊ ၁၈ ကြိမ်မြောက် အာဆီယံ-တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အစည်းအဝေးနှင့် ၁၀ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်မည် ဖြစ်သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ် တွန် ရာဇတ်၏ ဖိတ်ကြားချက်ဖြင့် ချစ်ကြည်ရေး ခရီး သွားရောက်သော ဝန်ကြီးချုပ် လီနှင့် အတူ ဇနီး ချန်းဟုန် လည်းလိုက်ပါမည်ဖြစ်သည်။

ခရီးစဉ်အတွင်း လီသည် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူး နှင့်အတူ တရုတ်-သြစတြေးလျ ဝန်ကြီးချုပ်များ နှစ်ပတ်လည် အစည်းအဝေးအား ပြုလုပ်ရန်ရှိသလို အခြားနိုင်ငံများမှ ခေါင်းဆောင်များနှင့် လည်း တွေ့ဆုံရန် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.