Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ (DPRK) မှ အလုပ်သဘော ဆွေးနွေးရန် ကမ်းလှမ်းချက်အား တောင်ကိုရီးယား နိုင်ငံ (ROK) လက်ခံ

တောင်ကိုရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး (ဝဲ) နှင့် မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအန်း အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ပြုံးယမ်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ (ROK) သည် မြောက်ကိုရီးယား နိုင်ငံ (DPRK) မှ အလုပ်သဘော ဆွေးနွေးရန် ကမ်းလှမ်းချက်အား နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လက်ခံ ခဲ့ကြောင်း သိရှိရသည်။

ဆိုးလ်၏ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဋ္ဌာန ကိုရီးယား နှစ်နိုင်ငံ ရေးရာ တာဝန်ခံက တောင်ကိုရီးယား နိုင်ငံ (ROK) သည် မြောက်ကိုရီးယား နိုင်ငံ (DPRK) ဘက် စစ်မဲ့ ကျေးရွာ ပန်မွန်ဂျုံး ရှိ အုပ်ချုပ်ရေးဆိုင်ရာအဆောက်အအုံ Tongil နေအိမ်တွင် နိုဝင်ဘာလ ၂၆ရက်နေ့၌ ပြုလုပ် မည့် အလုပ်သဘောဆွေးနွေးမှုအား လက်ခံခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ကိုရီးယား ပြန်လည်ပေါင်းစည်းရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ မြောက်ကိုရီးယား ကော်မတီ (CPRK) မှ တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဋ္ဌာနသို့ အစောပိုင်းရက်များတွင် ကမ်းလှမ်းချက် ပေးပို့ခဲ့ပြီး တောင်ကိုရီးယား (ROK) ဘက်မှ သဘောတူညီကြောင်း ပြန်လည်ပေးပို့ခဲ့ကြောင်းသိရသည်။

ဝန်ကြီးဋ္ဌာန က နှစ်ဖက်စလုံးသည် သြဂုတ်လ အနှောင်းပိုင်း ကိုရီးယားနှစ်နိုင်ငံ သဘောတူညီချက်များအပေါ် မူတည်၍ လာမည့် နှစ်နိုင်ငံ အစိုးရ တွေ့ဆုံပွဲအတွက် အလုပ်သဘောဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေး ၏ ထိပ်တန်း စစ်ဖက် အကြံပေး အရာရှိများနှင့် မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအွန်တို့သည် ဆိုးလ် (သို့) ပြုံးယမ်းတွင် နှစ်နိုင်ငံ အစိုးရ တွေ့ဆုံပွဲအား တတ်နိုင်သလောက် အစောဆုံးပြုလုပ်ရန် သြဂုတ်လ ၂၅ ရက်တွင် သဘောတူညီခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၂၅ ရက် သဘော တူညီချက်သည် နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား ခြင်းနှင့် နယ်စပ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲပြီးနောက် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာမှု ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

အချိန်၊ နေရာ ဒေသ၊ အစီအစဉ်များ နှင့် နှစ်ဖက် အစိုးရဖက်မှ တက်ရောက်ကြမည့် အကြီးအကဲများ ၏ ရာထူး အဆင့်အတန်းများ စသည့် အကြောင်းအရာများ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)