Connect with us

Asia

လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင် တရုတ်၊ မဲခေါင် နိုင်ငံများ ကြေညာ

လျန်ချန်း-မဲခေါင်ဒေသပြမြေပုံ (အင်တာနက်)

ကူမင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ အဆင့်မြင့် နိုင်ငံခြားရေး အရာရှိများ သည် လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (Lancang-Mekong Cooperation= LMC) မူဘောင်အား နိုဝင်ဘာလ ၁၂ ရက်နေ့က ယူနန်ဒေသ ကျင်ဟုန်တွင် သဘောတူညီလိုက်ကြကြောင်းသိရသည်။

လျန်ချန်း-မဲခေါင် မြစ်သည် နိုင်ငံခြောက်နိုင်ငံအား သဘာဝအလျောက် ချိတ်ဆက်ထားခြင်း ဖြစ်သည်။

LMC နိုင်ငံခြားရေး ဝန်ကြီးများ၏ ပထမအကြိမ် အစည်းအဝေးတွင် ဦးစားပေး ဧရိယာ သုံးနေရာ၊ နိုင်ငံရေး-လုံခြုံမှု ရေးရာ၊ စီးပွားရေး-ဖွံ့ဖြိုးမှု နှင့် ပြည်သူ အချင်းချင်းဖလှယ်မှုဆိုင်ရာ စသည့် ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ဝမ်ရိ၏ ဖိတ်ကြားမှုအရ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေး ဝန်ကြီးဋ္ဌာန ဟော်နန်းဟောင်၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး သောင်လွန်း စီဆောင်လိ၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒန် ပရာမုဝန်နိုင်၊ ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖန်မ် ဘင်မင်း တို့က အစည်းအဝေးသို့ တက်ရောက်ကြပြီး ဝန်ရိနှင့် ဒန်တို့က အစည်းအဝေးအား ပူးတွဲ ဥက္ကဋ္ဌအဖြစ် ပြုလုပ်ခဲ့သည်။

LMC သည် နိုင်ငံ ခြောက်နိုင်ငံပါဝင်သည့် ပထမဆုံးအကြိမ် ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်သည် ဖွံ့ဖြိုးမှု တောင်းဆိုချက်များ၊ ခြောက်နိုင်ငံ၏ အခြေခံကျပြီး ရေရှည် အကျိုးစီးပွားများ စသည့် သဘောတူညီမှုများအား ချမှတ်ခဲ့သည်။
ထိုအစည်းအဝေးသည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးမှ နောက်ဆက်တွဲ အဖြစ် LMC ၏ ပထမ နှင့် ဒုတိယအကြိမ် အကြီးတန်း အရာရှိများ အစည်းအဝေးအား ယခုနှစ် ဧပြီလနှင့် သြဂုတ်လ၌ စတင်ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.