Asia
အာဖဂန်နစ္စတန် မြို့တော် ကဘူးလ် ရှိ ဟိုတယ် ၌ တိုက်ခိုက်မှု ဖြစ်ပွား
ကဘူးလ် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စန် မြို့တော် ကဘူးလ် ရှိ နိုင်ငံခြားသားများ အများစုတည်းခိုသည့် ဟိုတယ် တစ်ခုတွင် သြဂုတ်လ ၁ ရက်အစောဆုံး နာရီများ၌ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေနတ်ပစ်ခတ်သံ များ ထွက်ပေါ်ခဲ့သည်။ လက်ရှိ နောက်ဆုံး သတင်းအရ ရဲဝန်ထမ်း ၁ ဦး သေဆုံးကာ လက်နက်ကိုင် အဖွဲ့ဝင် ၃ ဦး ကိုရှင်းလင်း နိုင်ခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဒေသစံတော်ချိန် နံနက် ၁ နာရီ ၂၅ မိနစ် ခန့်တွင် ကဘူးလ်မြို့တစ်မြို့လုံး တုံလှုပ်သွားခဲ့သော ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး လျှပ်စစ်မီး များပြတ်တောက်သွား ခဲ့သည်။ ထို့နောက်မကြာမီ ယင်းဟိုတယ်တွင် သေနတ်ပစ်ခတ်သံ များထွက်ပေါ်လာခဲ့သည်။
အာဖဂန် မီဒီယာများ၏ ဖော်ပြချက်အရ ယခု ဟိုတယ်အား တိုက်ခိုက်ခဲ့သော လက်နက်ကိုင် အဖွဲ့သည် ကားဗုံး ပုံစံမျိုးဖြင့် ဟိုတယ်ကို တိုက်ခိုက်ခဲ့ပြီးနောက် ဟိုတယ် အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာတွင် ရဲဝန်ထမ်း နှင့် လုံခြုံရေး ဝန်ထမ်း များနှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိခဲ့ရပါသည်။
အခင်းဖြစ်ပွားပြီးနောက်တွင် တာလီဘန် အဖွဲ့မှ ယခု တိုက်ခိုက်မှု ကို ၎င်းတို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာ ခဲ့ပါသည်။ အာဖဂန် မြို့တော် ကဘူးလ်တွင် လက်တလော ကာလ အတွင်း လုံခြုံရေး အခြေအနေ အလွန် ဆိုးရွား လာခဲ့ပြီး တာလီဘန် လက်နက်ကိုင် အဖွဲ့ နှင့် IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့တို့အပါအဝင် အစိုးရ ဆန့်ကျင်ရေး အဖွဲ့တို့မှ တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ကြသည်။ (Xinhua)