Connect with us

Asia

စင်ကာပူ သမ္မတဟောင်း အက်အာ နက်သန် ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

စင်ကာပူ သမ္မတဟောင်း အက်အာ နက်သန်အား ကျန်းမာရေးကောင်းမွန်စဉ်က တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

စင်ကာပူ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ သမ္မတဟောင်း အက်အာ နက်သန် သည် ဇူလိုင် ၃၁ ရက် နံနက်အစောပိုင်း က လေဖြတ် ဝေဒနာ ခံစားခဲ့ရကြောင်း ဝန်ကြီးချုပ်ရုံး (PMO) က ထုတ်ပြန်ခဲ့သည်။

PMO က စင်ကာပူနိုင်ငံ သမ္မတဟောင်းသည် ယခုအခါ စင်ကာပူနိုင်ငံအထွေထွေရောဂါကုဆေးရုံကြီး ရှိ အရေးပေါ်လူနာဋ္ဌာနတွင် ဆေးဝါးကုသနေရပြီး ကျန်းမာရေးအခြေအနေစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။
သမ္မတဟောင်း နက်သန်သည် အသက် ၉၂နှစ် ရှိပြီဖြစ်ကာ စင်ကာပူနိုင်ငံ၏ သက်တမ်းအကြာဆုံး သမ္မတ အဖြစ် ၁၉၉၉ခုနှစ် မှ ၂၀၁၁ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
စင်ကာပူသမ္မတ တိုနီ တန်ကန်ယမ် က သမ္မတဟောင်း နက်သန် ဆေးရုံသို့တက်ရောက်ကုသနေရကြောင်း ကြားသိရသည့်အတွက် စိတ်မကောင်း ဖြစ်ရပါကြောင်း နှင့် နက်သန်၏ မိသားစုဝင်များနှင့် အတူ ဆုတောင်းမေတ္တာပို့သနေပါကြောင်း ၎င်း၏ Facebook စာမျက်နှာတွင်ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.