Connect with us

Asia

အိန္ဒိယတွင် ယောက္ခမအား ဆေးကုရန် လိပ်အများအပြားဝယ်ယူသူ အမျိုးသားအား ဖမ်းဆီးထိန်းသိမ်း

အိန္ဒိယ အခွံပျော့လိပ် တစ်ကောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် တီဘီရောဂါခံစားနေရသူ ယောက္ခမအား ဆေးကုသရန်အတွက် အိန္ဒိယ အခွံပျော့လိပ် အများအပြား သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လိပ်များသည် မျိုးတုံးမည့်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် အထူးမျိုးစိတ်များဖြစ်သဖြင့် အိန္ဒိယနိုင်ငံတွင် လိပ်များအား လက်ဝယ်ထားရှိခြင်းကို တားမြစ်ထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားအား သဘာဝတောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်များ ဖြင့် ဖေဖော်ဝါရီ ၅ရက်တွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ရင်းမြစ်များက အဆိုပါအမျိုးသားအား စစ်ဆေးမေးမြန်းချက်များအရ ၎င်းသည် ဒေလီမြို့တွင်နေထိုင်သည့် Aman ဆိုသူဖြစ်ကြောင်း နှင့် တီဘီရောဂါခံစားနေရသော ယောက္ခမဖြစ်သူ စားသုံးရန်အတွက် လိပ်များအား ဝယ်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေသည့် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက ညပိုင်း ပုံမှန်ကင်းလှည့်နေစဉ်အတွင်း ယင်းသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.