Connect with us

Asia

အိန္ဒိယတွင် မော်တော်ယာဉ် ချောက်ထဲပြုတ်ကျ၍ လူ ၉ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ယခင်က ချောက်ထဲ ပြုတ်ကျခဲ့သည့် ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် ၌ ဖေဖော်ဝါရီ ၇ရက်တွင် ဂျစ်ကားတစ်စီး ချောက်ထဲသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါ ဂျစ်ကားသည် Uttarakhand ပြည်နယ် မြို့တော် Dehradun မြို့ အရှေ့တောင်ဘက် ၄၁၀ကီလိုမီတာ အကွာခန့် Champawat ခရိုင် Chalkhi ဧရိယာတွင် ချောက်ထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

Dehradun မြို့ ရဲအရာရှိတစ်ဦးက ယနေ့နံနက် တွင် လူ ၉ဦးလိုက်ပါလာသော ဂျစ်ကားတစ်စီးသည် လမ်းချော်၍ ချောက်ထဲသို့ ပြုတ်ကျခဲ့ရာ လူ၉ဦးသေဆုံးခဲ့ကြောင်းနှင့် ယခုအချိန်အထိ လူ၈ဦး၏ ရုပ်အလောင်းများကို သယ်ယူပြီးဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါမော်တော်ယာဉ်သည် Pithoragarh ခရိုင်မှ ထွက်ခွာလာပြီး Tanakpur မြို့သို့ ဦးတည်မောင်းနှင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းမတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်း ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် Trivendra Singh Rawat က ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ယင်းမတော်တဆမှုအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ယာဉ်မောင်း ကျွမ်းကျင်မှုအားနည်းခြင်း၊ လမ်းများနှင့် ယာဉ်များ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် ယာဉ် မတော်တဆမှု အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မကြာသေးမီကထုတ်ပြန်သော တရားဝင်အစီရင်ခံစာတစ်ခုအရ ၂၀၁၆ခုနှစ်အတွင်း နေ့စဉ် ပျမ်းမျှ လူ ၄၀၀ကျော် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.