Connect with us

Asia

အိန္ဒိယတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၄၀ ကျော် သေဆုံး

အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်တွင် လေပြင်းမုန်တိုင်းကျရောက်ပြီးနောက် သစ်ပင်များပြိုလဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

နယူးဒေလီ ၊ မေ ၁၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်၊ West Bengal ပြည်နယ်နှင့် မြို့တော် နယူးဒေလီ ဒေသများ တွင် မေလ ၁၃ ရက် ညပိုင်းက လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ လူ ၄၀ ကျော် သေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဆိုးရွားသောရာသီဥတုကြောင့် Uttar Pradeshပြည်နယ်တွင် သေဆုံးသူ အနည်းဆုံး ၂၁ ဦး၊ West Bengal ပြည်နယ်တွင် ကလေးသူငယ် ၄ ဦး အပါအဝင် သေဆုံးသူ ၁၂ ဦး နှင့် Andhra Pradesh ပြည်နယ်တွင် သေဆုံးသူ ၉ ဦး ရှိကြောင်း ၊နယူးဒေလီတွင် တစ်နာရီလျှင် အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁၀၉ ကီလိုမီတာ အထိရှိရာ သေဆုံး အနည်းဆုံး ၂ ဦးရှိပြီး ဒဏ်ရာရသူ ၁၈ ဦး ရှိကြောင်း အိန္ဒိယသတင်းအေဂျင်စီ PTI က အိန္ဒိယအစိုးရဌာနများ၏သတင်းကို ကိုးကား၍ဖော်ပြထားသည်။

လေပြင်းမုန်တိုင်းကြောင့် ဒုက္ခသည်စခန်းရှိနေအိမ်အချို့ပျက်ဆီးခဲ့ပြီး သစ်ပင်ကြီး အချို့ အမြစ်မှ ကျွတ်ထွက်လဲကျခဲ့သောကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ခဲ့ရသည်ဟု သိရှိရသည်။မေလအတွင်း အိန္ဒိယနေရာတော်တော်များများတွင် လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့သည်။ မေလ ၂ ရက် ညပိုင်းက Uttar Pradeshပြည်နယ်နှင့်Rajasthan ပြည်နယ်စသည့်နေရာများတွင် ဆိုးဝါးသည့် ရာသီဥတုကြောင့် သေဆုံးသူ ၁၃၄ ဦး ရှိပြီး ဒဏ်ရာရသူ ၄၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.