Connect with us

Asia

အင်ဒိုနီးရှား ရှိ ခရစ်ယာန်ဘုရားကျောင်းများ၌ အသေခံဗုံးခွဲမှုဖြစ်ပွားရာ လူ ၆ဦးသေဆုံးပြီး အနည်းဆုံး ၃၅ဦး ဒဏ်ရာရရှိ


ဂျာကာတာ၊ မေ ၁၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် မြို့တော် ဆူရာဘာရာမြို့ ရှိ ခရစ်ယာန်ဘုရားကျောင်း ၃ခု ၌ မေ ၁၃ရက်တွင် အသေခံဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ရာ လူ ၆ဦးသေဆုံးပြီး အနည်းဆုံး လူ ၃၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Frans Barung က သတင်းဌာနသို့ပြောကြားခဲ့သည်။

အသေခံဗုံးဖောက်ခွဲမှုများသည် Ngagel Madya ဧရိယာ ရှိ Santa Maria ဘုရားကျောင်း၊ Diponegoro လမ်းရှိ Gereja Kristen Indonesia ဘုရားကျောင်း နှင့် Arjuno လမ်းရှိ Pantekosta ဘုရားကျောင်းတို့ တွင်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံရှိ အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားရာ ဘုရားကျောင်းအနီးတွင် ရဲတပ်ဖွဲ့များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ပထမဆုံးပေါက်ကွဲမှုသည် အင်ဒိုနီးရှားစံတော်ချိန် နံနက် ရး၁၅နာရီ တွင် ဖြစ်ပွားခဲ့ပြီးနောက် ၅မိနစ်စီခြား၍ အခြားပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

တိုက်ခိုက်သူများသည် ဘုရားကျောင်းများအတွင် ဝတ်ပြုဆုတောင်းသူများအဖြစ် ဟန်ဆောင်ကာ အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ အခင်းဖြစ်ပွားရာနေရာအားလုံးကို ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117