Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမြို့ရဲဌာန အတိုက်ခိုက်ခံရသောကြောင့် လူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိ


ဂျကာတာ ၊ မေ ၁၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဆူရာဘာရာ မြို့ ရဲဌာနချုပ်တွင် ယနေ့(မေလ ၁၄ရက်) နံနက်က တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ ၅၀ မိနစ် တွင် လူ ၄ ဦးလိုက်ပါလာသော ဆိုင်ကယ် နှစ်စီးမှာ ရဲဌာနသို့ မောင်းဝင်လာခဲ့ကြောင်း ၊ လုံခြုံရေးများစစ်ဆေးနေချိန်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊တိုက်ခိုက်သူ ၄ ဦးစလုံး သေဆုံးခဲ့ပြီး အရပ်သား ၂ဦး ၊ရဲဝန်ထမ်း ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အရှေ့ဂျာဗားပြည်နယ် ရဲဌာန၏ပြောရေးဆိုခွင့်ရှိသူက ဒေသခံမီဒီယာများကို ပြောကြားခဲ့ သည်။

ဗုံးဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားသောနေရာအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ထို့အတူပင် မေလ ၁၃ ရက်နေ့ ဒေသစံတော်ချိန်နံနက် ၇ နာရီခန့်က ဆူရာဘာရာရှိ ခရစ်ယာန် ဘုရားကျောင်း ၃ ခု အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ယခုအခါ သေဆုံးသူ ၁၄ ဦး နှင့် ထိခိုက် ဒဏ်ရာရသူ ၄ဝ ဦးကျော် ထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ ယင်းနေ့ညက ဆူရာဘာရာ တောင်ဘက်ရှိ Sidoarjoခရိုင်တွင် ဖောက်ခွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.