Connect with us

Asia

အိန္ဒိယတွင် အရက်တုများ သောက်သုံးမိ၍ လူ ၅ဦးသေဆုံး

အိန္ဒိယတွင် အရက်တုသောက်သုံးမှုကြောင့် အဆိပ်သင့်ခဲ့သော လူတစ်ဦးအား ဆေးရုံသို့ ခေါ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မေ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် အရက်တုများ သောက်သုံးမှုကြောင့် အနည်းဆုံး လူ ၅ဦး သေဆုံးပြီး အများအပြား နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၂၀ ရက်တွင်ပြောကြားခဲ့သည်။

Uttar Pradesh ပြည်နယ် မြို့တော် Lucknow တောင်ပိုင်း ၁၀၈ကီလိုမီတာခန့်အကွာ Kanpur ခရိုင် Sichendi ဧရိယာရှိ လူများက ယင်းအရက်တုအား သောက်သုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။Kanpur ခရိုင် အကြီးတန်းရဲအရာရှိတစ်ဦးက Sichendi ဧရိယာ တွင် အရက်တုသောက်သုံးမှုကြောင့် လူ ၅ဦးသေဆုံးပြီး လူအများအပြား နေမကောင်းဖြစ်ခဲ့ကြောင်း၊ မေလ ၁၉ ရက်တွင် အရက်တုသောက်သုံးသူများသည် အော့အန်ခြင်းများ ဖြစ်ပွားခဲ့ရာ နီးစပ်ရာဆေးရုံများသို့ အလျင်အမြန်သွားရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အချို့ လူနာများမှာ အခြေအနေစိုးရမ်ရ၍ သေဆုံးသူဦးရေးမြင့်တက်လာနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံ ယစ်မျိုးအရာရှိအား ရာထူးမှ ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။၂၀၁၇ခုနှစ်တွင်လည်း Uttar Pradesh ပြည်နယ် Azamgarth ခရိုင်တွင် အရက်တုများသောက်သုံးမှုကြောင့် လူ ၁၈ဦးသေဆုံးပြီး အခြားလူအများအပြား နေမကောင်းဖြစ်ခဲ့ကြောင်း သိရသည်။အိန္ဒိယနိုင်ငံရှိ လူအများအပြားသည် ဈေးပေါသော ပြည်တွင်းဖြစ်အရက်များကို ဝယ်ယူသောက်သုံးကြ၍ အရက်တုကြောင့် သေဆုံးမှုများမကြာခဏ ဖြစ်ပွားတတ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.