Connect with us

Asia

ဆော်ဒီနိုင်ငံ မက္ကာရှိ မဟာဗလီကြီး (Grand Mosque) တွင် ကရိန်းပြုတ်ကျမှုဖြစ်ပွား

အိန္ဒိယတွင် အရက်တုသောက်သုံးမှုကြောင့် အဆိပ်သင့်ခဲ့သော လူတစ်ဦးအား ဆေးရုံသို့ ခေါ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မဟာဗလီကြီး (Grand Mosque) တွင် ကရိန်းတစ်ခု၏ အစိတ်အပိုင်းတစ်ခု ပြုတ်ကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း Sabq ပြည်တွင်းအွန်လိုင်းသတင်းဌာန က မေ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။

မက္ကာဒေသဆိုင်ရာ အာဏာပိုင်တစ်ဦး က အဆိုပါ မတော်တဆမှုသည် ဗလီ၏ ဆောက်လုပ်ဆဲလုပ်ငန်းခွင်နေရာ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၍ ဝတ်ပြုသူများ နှင့် လာရောက်လည်ပတ်သူများ နှင့် ဝေးကွာကြောင်းပြောကြားခဲ့သည်။ယင်းမတော်တဆမှုသည် ၂၀၁၅ခုနှစ် တွင် မက္ကာမြို့ရှိ မဟာဗလီကြီး (Grand Mosque) ၌ ဖြစ်ပွားခဲ့သော ကရိန်းပြိုကျမှုကို အမှတ်ရစေပြီး အဆိုပါ ဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၁၀၇ဦးသေဆုံးခဲ့ကာ ၂၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဆော်ဒီနိုင်ငံ မြို့ပြကာကွယ်ရေးအကြီးအကဲ က ယင်းကရိန်းပြုတ်ကျမှုသည် လေ နှင့် မိုးများ ပြင်းထန်စွာ တိုက်ခတ်ခဲ့၍ဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ် ဖြစ်စဉ်ကြောင့် ထိခိုက်နစ်နာသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များကို လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၈.၅သန်းပေးအပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ (Xinhua)