Connect with us

Asia

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုံးပေါက်ခွဲမှုများဖြစ်ပွားရာ အနည်းဆုံး လူ ၂ ဦး ဒဏ်ရာရ


ဘန်ကောက် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း Narathiwat ၊ Patani ၊ Yala နှင့် Songkhlaပြည်နယ်တို့တွင် မေလ ၂၀ ရက် ညပိုင်းက အသေးစားဗုံးပေါက်ကွဲမှု ၁၀ ခုကျော်ဖြစ်ပွားရာ အနည်းဆုံး လူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းပေါက်ကွဲမှုများမှာ ဒေသစံတော်ချိန် ည ၇ နာရီခန့်တွင် တစ်ပြိုင်တည်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားသည့်အဓိကနေရာများမှာ ဘဏ် ATM စက်များ ဖြစ်ကြောင်း၊ ထိုင်းလုံခြုံရေးရဲတပ်ဖွဲ့ က အခင်းဖြစ်ပွားသည့်နေရာများကို ထိန်းချုပ်ထာ်းပြီး လုံခြုံရေးများတိုးမြှင့်ချထားကြောင်း ထိုင်းနိုင်ငံမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

ဗုံးပေါက်ခွဲရာ အခင်းဖြစ်နေရာအားတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဗုံးပေါက်ခွဲရာ အခင်းဖြစ်နေရာအားတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ခွဲထွက်ရေးအင်အားစုများ လှုပ်ရှားနေပြီး ယခုနှစ်ပိုင်းများတွင် ဗုံးပေါက်ခွဲမှု များ၊ သေနတ်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခြင်းကြောင့် သေဆုံးသူ ၆,၅၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)