Connect with us

Asia

အိန္ဒိယနယ်ခြားစောင့် စစ်သား က လုပ်ဖော်ကိုင်ဖက် ၃ဦးအား သတ်၍ မိမိကိုယ်ကို အဆုံးစီရင်

အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် (BSF) များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မေ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ် တွင် မေ ၆ရက်က အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် (BSF) တစ်ဦး သည် ၎င်း၏ ရိုင်ဖယ်သေနတ်ဖြင့် လုပ်ဖော်ကိုင်ဖက်စစ်သား ၃ဦးအား ပစ်သတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ထရီပူရီပြည်နယ် မြို့တော် အဂါတာလာမြို့ အရှေ့မြောက်ဘက် ၁၈၅ကီလိုမီတာ အူနာကိုတီ ခရိုင် ရှိ နယ်စပ်စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးက BSF တပ်ဖွဲ့ဝင်တစ်ဦးသည် မေလ ၆ရက် အစောပိုင်းတွင် အငြင်းပွားမှုတစ်ခုဖြစ်ပွားပြီးနောက် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအား တာဝန်ကျရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်၍ သုံးဦးစလုံးသေဆုံးသွားပြီး နောက်ဆုံးတွင် ယင်းသေနတ်ဖြင့်ပင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှုသည် မေ ၆ရက် ဒေသစံတော်ချိန် နံနက် ၁နာရီတွင် ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အာဏာပိုင်များက ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ထရီပူရာBSF ရုံးချုပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာက သေဆုံးသွားသူ BSF တပ်ဖွဲ့ဝင် ၄ဦး၏ ရုပ်အလောင်းများကို ၎င်းတို့၏ မွေးရပ်ဇာတိ အသီးသီးသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.