Connect with us

Asia

လုပ်ကြံမှုတစ်ခုအတွင်း ပါကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Ahsan Iqbal အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် တွင် မေ ၆ ရက် ညနေပိုင်းက စုဝေးပွဲတစ်ခုအတွင်း ဖြစ်ပွားခဲ့သော လုပ်ကြံမှုတစ်ခု၌ ပြည်ထဲရေးဝန်ကြီး Ahsan Iqbal သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ပန်ဂျပ်ပြည်နယ် နာရိုဝယ်ခရိုင် ရဲအရာရှိတစ်ဦး က ဝန်ကြီးသည် ၎င်း၏ ညာဘက်လက်မောင်းတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး ၎င်းအား မြို့အတွင်းရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပြီး ဆေးကုသပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီး၏ အခြေအနေမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းကပြောကြားခဲ့သည်။

နာရိုဝယ်ခရိုင် Kanjrur မြို့ တွင် ဝန်ကြီးက မိန့်ခွန်းပြောအပြီး ၎င်း၏ ကားရှိရာသို့ လမ်းလျှောက်နေစဉ် လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သေနတ်သမားအား ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် အမည်မသိနေရာတစ်ခု သို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။ (Xinhua)